နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် ( NCA ) ကို ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ) တွင် လက်မှတ်ရေး ထိုးနိုင်ရန် မသေချာတော့ကြောင်း သိရသည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ( NCCT ) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန ( MPC ) တို့မှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇန်နဝါရီလ ၂၁ ရက်နေ့က ဆွေးနွေး ရာ တွင် အချက် တချို့အား ညှိနှိုင်း မရသည့် အတွက် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးနိုင်ရန် မသေချာ သေး ဟု နှစ်ဘက် ကိုယ်စားလှယ်များက ပြောသည်။ သဘောတူညီမှု မရသေးသည့် အချက်များကို ယခုလကုန်တွင် ထပ်မံဆွေးမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။