ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် အတွင်း အဓမ္မပြုကျင့်၊ အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ နေ့လယ်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်း သချႋုင်းတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး ၏ ရုပ်အလောင်းများကို ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မူဆယ်မြို့မှ မြစ်ကြီးနားမြို့သို့ သယ်ယူလာရာ ရုပ်အလောင်းများ သယ်လာခဲ့သည့် လမ်းကြောင်း တလျှောက်ရှိ ဒေသခံ ပြည်သူများက ဝမ်းနည်းစွာ ကြိုဆိုခဲ့ကြပြီး ရုပ်အလောင်းများကို မြစ်ကြီးနားမြို့ရှိ ဂျောဘွမ် ကချင်နှစ်ခြင်း ခရစ်ယာန် သချႋုင်း၌ ယနေ့တွင် သင်္ဂြိုဟ် ခဲ့ခြင်း ဖြစ်သည်။
ကချင်နှစ်ခြင်း အဖွဲ့ချုပ် (KBC) အသင်းတော် ဆရာ ခလန်ဆမ်ဆွန်က “မူဆယ်ကနေ လားရှိုး၊ လားရှိုးကနေ မန္တလေး-မြစ်ကြီးနား လမ်းကြောင်းအတိုင်း သယ်ဆောင်ခဲ့တာပါ။ သယ်လာတဲ့ လမ်းတလျှောက်မှာလည်း ဒေသခံ ပြည်သူတွေက ထွက်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ကြိုကြပါတယ်” ဟု ပြောသည်။
အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာ အမည်ရှိ ကျောင်းဆရာမ နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) ၏ စီမံခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း- ကြူကုတ်မြို့ ကောင်းခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ သွားရောက် ပညာသင်ကြား ပေးနေကြသူများ ဖြစ်ကြပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့တည်းခိုရာ အိမ်ခန်းတွင် ဇန်နဝါရီ ၁၉ ရက်က သေဆုံးနေသည်ကို ကျေးရွာဒေသခံများက ဇန်နဝါရီ ၂၀ ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“စေတနာ့ ဝန်ထမ်းတွေ၊ ပညာရေး ဝန်ထမ်းကို ဒီလိုလုပ်တဲ့ လုပ်ရပ်က စက်ဆုတ်ရွံရှာစရာ ကောင်းတယ်။ အမှုမှန် ဖော်ထုတ်ဖို့ အတွက် ကျနော်တို့ လိုလားတယ်။ ကျနော်တို့ နိုင်ငံက တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဆိုရင်တော့ အမှုမှန် ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဆရာ ခလန်ဆမ်ဆွန်က ပြောသည်။
စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦး အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံတွင် အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆရာမ ၂ ဦး အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းခွေချခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။
“ဒီကိစ္စကို အဖြစ်မှန်၊ အမှန်တရား ပေါ်ပေါက်ဖို့၊ အခုလိုမျိုး အဓမ္မ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ဒီဆရာမလေး ၂ ယောက်နဲ့ သူတို့ မိသားစုတွေ အတွက် တရားမျှတမှုကို အမြန်ဆုံး ပေါ်ပေါက်ဖို့ တောင်းဆိုပါတယ်” ဟု အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် ဒေါ်ခင်ဥမ္မာက မီဒီယာများကို ပြောဆိုသည်။
အမျိုးသမီးများ အဓမ္မ ပြုကျင့် ခံရမှုများသည် နှစ်ပေါင်းများစွာ ကြာမြင့်လာသော်လည်း အမှုမှန် ပေါ်ပေါက်လာခြင်း မရှိကြောင်း၊ ထိုကဲ့သို့ အမှုများ၌ ပြစ်မှု ကျူးလွန်သူ တရားခံများကို တရားစီရင်ရာ၌ မည်သို့ တရားစီရင် ခဲ့သည်ကို ပြည်သူများက မသိရကြောင်း မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့များ ကွန်ရက် (WON) မှ ဒေါ်မာမာချိုက ပြောသည်။
စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အမျိုးသား သုက်ရည်များ တွေ့ရပြီး၊ DNA စစ်ရန် လားရှိုး ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ဆရာမ နှစ်ဦးကို အဓမ္မ ပြုကျင့်သူသည် အနည်းဆုံး နှစ်ဦး ဖြစ်နိုင်ကြောင်း မူဆယ်မြို့ ပြည်သူ့ ဆေးရုံမှ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောဆိုခဲ့သည်။
“အမှုမှန်ကို သိချင်ပြီ။ ရွာမှာလည်း မနေရဲတော့ဘူး။ ဆရာမ ၂ ဦးက သာသနာဝင်းထဲမှာတောင် ဒီလို ဖြစ်သွားတာ။ ကျမတို့ အိမ်မှာ နေတဲ့သူတွေ အတွက် လုံခြုံမှု မရှိတော့ဘူးလို့ ခံစားရတယ်။ ဒီအမှုမှန် ပေါ်ရင်တော့ တခြားနေရာ ပြောင်းရွှေ့ နေထိုင်ဖို့ စဉ်းစားထားတယ်။ အမှုမပေါ်တဲ့ အတွက် ဒီမှာပဲ ဆက်နေရအုံးမယ်” ဟု မူဆယ်ခရိုင် ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါကျေးရွာ အနီးရှိ နောင်တောင်း ကျေးရွာမှ ဒေသခံ အမျိုးသမီး တဦးက ဧရာဝတီကို ပြောသည်။
Category: Women in Focus
Key Words: စေတနာဝန်ထမ်းဆရာမနှစ်ဦး
ပုံစာ – အဓမ္မပြုကျင့်အသတ်ခံရသည့်စေတနာ့ဝန်ထမ်းကျောင်းဆရာမနှစ်ဦးအတွက်ရည်စူးပြီးရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံတွင်ပန်းခွေချဆုတောင်းပွဲတရပ်ကိုယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်နေစဉ်(ဓာတ်ပုံ–စိုင်းဇော်/ ဧရာဝတီ)
ကောက်စာ။ ။ဒီကိစ္စကိုအဖြစ်မှန်၊အမှန်တရားပေါ်ပေါက်ဖို့၊အခုလိုမျိုးအဓမ္မပြုကျင့်ခံရပြီးရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ဒီဆရာမလေး၂ယောက်နဲ့သူတို့မိသားစုတွေအတွက်တရားမျှတမှုကိုအမြန်ဆုံးပေါ်ပေါက်ဖို့တောင်းဆိုပါတယ်
သတင်း
အသတ်ခံရသည့်ကျောင်းဆရာမနှစ်ဦး၏ရုပ်အလောင်းများယနေ့မြှုပ်နှံသင်္ဂြိုဟ်
နန်းဆိုင်နွမ်| ဇန်နဝါရီ၂၃၊၂၀၁၅
ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင်အတွင်းအဓမ္မပြုကျင့်၊အသတ်ခံခဲ့ရသည့်စေတနာ့ဝန်ထမ်းကျောင်းဆရာမနှစ်ဦး၏ရုပ်အလောင်းများကိုယနေ့နေ့လယ်ပိုင်းကကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိကချင်နှစ်ခြင်းသချႋုင်းတွင်မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။
စေတနာ့ဝန်ထမ်းဆရာမ၂ဦး၏ရုပ်အလောင်းများကိုဇန်နဝါရီလ၂၀ရက်ညနေပိုင်းကမူဆယ်မြို့မှမြစ်ကြီးနားမြို့သို့သယ်ယူလာရာရုပ်အလောင်းများသယ်လာခဲ့သည့်လမ်းကြောင်းတလျှောက်ရှိဒေသခံပြည်သူများကဝမ်းနည်းစွာကြိုဆိုခဲ့ကြပြီးရုပ်အလောင်းများကိုမြစ်ကြီးနားမြို့ရှိဂျောဘွမ်ကချင်နှစ်ခြင်းခရစ်ယာန်သချႋုင်း၌ယနေ့တွင်သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။
ကချင်နှစ်ခြင်းအဖွဲ့ချုပ် (KBC) အသင်းတော်ဆရာခလန်ဆမ်ဆွန်က“မူဆယ်ကနေလားရှိုး၊လားရှိုးကနေမန္တလေး–မြစ်ကြီးနားလမ်းကြောင်းအတိုင်းသယ်ဆောင်ခဲ့တာပါ။သယ်လာတဲ့လမ်းတလျှောက်မှာလည်းဒေသခံပြည်သူတွေကထွက်ပြီးဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ကြိုကြပါတယ်” ဟုပြောသည်။
အသက်၂၀အရွယ်ရှိခေါန်နန်စင်နှင့်လုရာအမည်ရှိကျောင်းဆရာမနှစ်ဦးသည်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ၏စီမံခွင့်ပြုချက်ဖြင့်မူဆယ်ခရိုင်ပန်ဆိုင်း– ကြူကုတ်မြို့ကောင်းခါကျေးရွာမှဆင်းရဲသောကလေးငယ်များကိုအခမဲ့သွားရောက်ပညာသင်ကြားပေးနေကြသူများဖြစ်ကြပြီးကောင်းခါးကျေးရွာဘုရားကျောင်းဝင်းအတွင်းရှိ၎င်းတို့တည်းခိုရာအိမ်ခန်းတွင်ဇန်နဝါရီ၁၉ရက်ကသေဆုံးနေသည်ကိုကျေးရွာဒေသခံများကဇန်နဝါရီ၂၀ရက်တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“စေတနာ့ဝန်ထမ်းတွေ၊ပညာရေးဝန်ထမ်းကိုဒီလိုလုပ်တဲ့လုပ်ရပ်ကစက်ဆုတ်ရွံရှာစရာကောင်းတယ်။အမှုမှန်ဖော်ထုတ်ဖို့အတွက်ကျနော်တို့လိုလားတယ်။ကျနော်တို့နိုင်ငံကတရားဥပဒေစိုးမိုးတဲ့နိုင်ငံဆိုရင်တော့အမှုမှန်ပေါ်ထွက်လာမယ်လို့ယုံကြည်ပါတယ်” ဟုဆရာခလန်ဆမ်ဆွန်ကပြောသည်။
စေတနာ့ဝန်ထမ်းကျောင်းဆရာမ၂ဦးအသတ်ခံရခြင်းနှင့်ပတ်သက်ပြီးယနေ့နံနက်ပိုင်းကရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံတွင်အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့်လူ့အခွင့်အရေးလှုပ်ရှားသူများကဆရာမ၂ဦးအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်ပန်းခွေချခြင်းအခမ်းအနားကိုပြုလုပ်ခဲ့ကြသည်။
“ဒီကိစ္စကိုအဖြစ်မှန်၊အမှန်တရားပေါ်ပေါက်ဖို့၊အခုလိုမျိုးအဓမ္မပြုကျင့်ခံရပြီးရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ဒီဆရာမလေး၂ယောက်နဲ့သူတို့မိသားစုတွေအတွက်တရားမျှတမှုကိုအမြန်ဆုံးပေါ်ပေါက်ဖို့တောင်းဆိုပါတယ်” ဟုအမျိုးသမီးအရေးတက်ကြွလှုပ်ရှားမှုများလုပ်ဆောင်နေသည့်ဒေါ်ခင်ဥမ္မာကမီဒီယာများကိုပြောဆိုသည်။
အမျိုးသမီးများအဓမ္မပြုကျင့်ခံရမှုများသည်နှစ်ပေါင်းများစွာကြာမြင့်လာသော်လည်းအမှုမှန်ပေါ်ပေါက်လာခြင်းမရှိကြောင်း၊ထိုကဲ့သို့အမှုများ၌ပြစ်မှုကျူးလွန်သူတရားခံများကိုတရားစီရင်ရာ၌မည်သို့တရားစီရင်ခဲ့သည်ကိုပြည်သူများကမသိရကြောင်းမြန်မာနိုင်ငံအမျိုးသမီးအဖွဲ့များကွန်ရက် (WON) မှဒေါ်မာမာချိုကပြောသည်။
စေတနာ့ဝန်ထမ်းကျောင်းဆရာမနှစ်ဦး၏ခန္ဓာကိုယ်ပေါ်တွင်အမျိုးသားသုက်ရည်များတွေ့ရပြီး၊ DNA စစ်ရန်လားရှိုးပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း၊ဆရာမနှစ်ဦးကိုအဓမ္မပြုကျင့်သူသည်အနည်းဆုံးနှစ်ဦးဖြစ်နိုင်ကြောင်းမူဆယ်မြို့ပြည်သူ့ဆေးရုံမှဝန်ထမ်းတဦးကဧရာဝတီသို့ပြောဆိုခဲ့သည်။
“အမှုမှန်ကိုသိချင်ပြီ။ရွာမှာလည်းမနေရဲတော့ဘူး။ဆရာမ၂ဦးကသာသနာဝင်းထဲမှာတောင်ဒီလိုဖြစ်သွားတာ။ကျမတို့အိမ်မှာနေတဲ့သူတွေအတွက်လုံခြုံမှုမရှိတော့ဘူးလို့ခံစားရတယ်။ဒီအမှုမှန်ပေါ်ရင်တော့တခြားနေရာပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားထားတယ်။အမှုမပေါ်တဲ့အတွက်ဒီမှာပဲဆက်နေရအုံးမယ်” ဟုမူဆယ်ခရိုင်ပန်ဆိုင်းကြူကုတ်မြို့ကောင်းခါကျေးရွာအနီးရှိနောင်တောင်းကျေးရွာမှဒေသခံအမျိုးသမီးတဦးကဧရာဝတီကိုပြောသည်။