အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကျောင်းသားများနဲ့ ပူးပေါင်းဖို့ မကွေးမြို့နယ် မြေလတ် ကျောင်းသားများ သမဂ္ဂ ဦးဆောင်ပြီး မကွေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ဆေးတက္ကသိုလ်မှ ကျောင်းသား အင်အား၁၀၀ခန့် ဟာ ဒီကနေ့ နံနက် ၈နာရီက မြို့လည် ဗိုလ်ချုပ်ပန်းခြံဆီကို စတင်ချီတက် ကြောင်းသိရပါတယ်။ မနေ့ကတော့မန္တလေးမြို့မှ ခရီးရှည် ချီတက်လာတဲ့ ကျောင်းသားတွေဟာ မြင်းခြံမြို့ ကိုရောက်ရှိလာခဲ့ပြီး မြင်းခြံမြို့လူထုက သောင်းသောင်းဖျဖျ ကြိုဆိုကာ မြင်းခြံ နည်းပညာတက္ကသိုလ်၊ ဒီကရီကောလိပ်၊ ရဟန်းသံဃာများကလည်း ပူးပေါင်းလိုက်ကြပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။