မြင်းခြံ ဒီဂရီကောလိပ်အတွင်း နိုင်ငံတော်အလံအား ဖြုတ်ချပြီး ကျောင်းသားသမဂ္ဂအလံကို တင်ခဲ့ခြင်း နှင့် ပတ်သက်ပြီး မြင်းခြံရဲစခန်းက နိုင်ငံတော်အလံပုဒ်မ ၁၆ အရ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ၊ ယမန်နေ့က မြင်းခြံမြို့သို့ရောက်ရှိနေသည် အမျိုးသားပညာရေး ဥပဒေ ကို ကန့်ကွက် ဆန္ဒပြချီတက်လာသည့် ကျောင်းသားများမှ ကိုအောင်မှိုင်းဆန်း ဦးဆောင်သည့် အဖွဲ့ မြင်းခြံ ဒီဂရီကောလိပ်သို့ ရောက်လာပြီး ကျောင်းတံခါးများကို တွန်းဖွင့်ကာ နိုင်ငံတော် အလံအား ဖြုတ်ချပြီး ကျောင်းသားသမဂ္ဂအလံကို လွှင့်ထူခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။