ရှမ်းပြည်နယ် မူဆယ်ဘက်မှ လားရိုးဘက်သို့ သွားသည့် လမ်းပေါ်ရှိ နောင်ချို အေးရှားဝေါလ် ဂိတ်တွင် ဗိုလ်ကြီး ဟိန်းသီဟဇော်နှင့် တပ်ကြပ်ကြီး သူရအောင်တို့ ၂ ဦး လိုက်ပါလာသော ၂၂ ဘီး နောက်တွဲယာဉ် ၁၄ စီး၊ ၁၂ ဘီးယာဉ် ၃ စီး စုစုပေါင်း ၁၇ စီးပါ ယာဉ်တန်းကို တရားမဝင် သယ်ဆောင်လာသော အမိုနီယမ် နိုက်ထရိတ်နှင့် အခြားပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီခန့်က အမိုနီယမ် နိုက်ထရိတ် ၉၈၈၁ အိတ်နှင့် တခြား ပစ္စည်းများကို တပ်မတော် စက်မှုကုန်ကြမ်း တင်သွင်းသယ်ယူခွင့် MI Form ဖြင့် မသမာသောနည်းကို အသုံးပြုကာ သယ်ဆောင်ခြင်း ဖြစ်ကြောင်း၊ စစ်စည်းကမ်းနှင့် အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းဌာက ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။