ဧရာဝတီတိုင်းမှ ကျောင်းသား အင်အား ၁၀၀ခန့်က“ ဒီမိုကရေစီပညာရေး ဧရာဝတီသပိတ်စစ်ကြောင်း” အမည်ဖြင့် ယနေ့နံနက် ပုသိမ်မြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ကြပြီး၊ ကျောင်းသားများ၏ တောင်း ဆိုချက် ၁၁ ချက်ကို အစိုးရဘက်မှ လက်ခံဆွေးနွေးရန် သဘောတူညီခဲ့မှုကို မူအားဖြင့် ကြိုဆိုပြီး အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားများ၊ ပြည်သူများ လိုလားချက်အတိုင်း ရရှိသည်အထိ ဆက်လက်ချီ တက် တိုက်ပွဲဝင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သပိတ်စစ်ကြောင်းမှာ ပုသိမ်ရွှေမုဌောဘုရား၊ ပုသိမ် တက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်သို့ ချီတက်ကြမည်ဖြစ်ကြောင်း အစိုးရအာဏာပိုင်များက တစုံ တရာ တားမြစ်နှောင့်ယှက်ခြင်းမရှိသလို ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်များ ချထားခြင်းမရှိကြောင်းအရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ထောက်လှမ်းရေးများက ဓာတ်ပုံနှင့်သတင်း ရယူခြင်းများသာရှိကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။