ဝါရင့် ဓာတ်ပုံဆရာတဦး ဖြစ်သူ ဦးထိန်ဝင်းက “၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း ဓာတ်ပုံပြပွဲ” ပြပွဲတခုကို ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊ လမ်း ၅၀ ရှိ Orchid ဟိုတယ်တွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ပြသရန် စီစဉ်ခဲ့သော်လည်း ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ခွင့်မပြုဟု ယနေ့ အကြောင်းကြားလာကြောင်း သတင်းရရှိသည်။
“ဓာတ်ပုံပြပွဲကို တိုင်းအစိုးရက ခွင့်ပြုမှ ပြဖို့ ကျနော့်ကို ပုဇွန်တောင်မြို့နယ် ထွေ/အုပ်ရုံးက ဒီနေ့ပဲ နှုတ်နဲ့ ခေါ်ပြောတယ်။ ကျနော်ကလည်း ဓာတ်ပုံပြပွဲ လုပ်မယ်ဆိုတဲ့ အကြောင်း ဒီလ ၂၈ ရက်နေ့က အသိပေးလိုက်တာ။ အခု ခွင့်မပြုတော့ ပြပွဲ လုပ်ဖို့ ရပ်ဆိုင်းလိုက်ရတယ်”ဟု ဓာတ်ပုံဆရာ ထိန်ဝင်း ယနေ့ ညနေပိုင်းတွင် ဧရာဝတီသို့ ဆက်သွယ်ပြောကြားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။