ပြည်ထောင်စုနေ့ကို ကြိုဆိုသည့် အနေဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် မန္တလေးတက္ကသိုလ်၌ “ပြည်ထောင်စု တိုင်းရင်းသား ယဉ်ကျေးမှု ဆည်းဆာပွဲ” ကို ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဇော်နိုင်က ဆည်းဆာပွဲ မလုပ်သည်မှာ ကြာပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသားညီညွတ်ရေး တန်ဖိုးကို ကျောင်းသူ ကျောင်းသားများ နားလည်စေရန် ဖော်ထုတ်ခြင်း ဖြစ်ကြောင်း ပြောသည်။ မန္တလေး တက္ကသိုလ် မေဂျာအစုံမှ ကျောင်းသားကျောင်းသူများ ဦးဆောင်မည် ဖြစ်ပြီး တိုင်းရင်းသား အကများ ပါဝင်မည်ဖြစ်ကြောင်း ယခုအခါ အကတိုက်ခြင်း၊ သီချင်းတိုက်ခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။