မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင်အရေး စုံစမ်း စစ်ဆေးရေးမှူး ရန်ဟီလီ၏ ၁၀ရက်ကြာ မြန်မာခရီးစဉ်၌ သူ၏ သဘော ထား အမြင်များပြောဆိုချက်များမှာ လက်ရှိအပြုဆောင်နေ သည့်အခြေ အနေ များနှင့် ကိုက်ညီခြင်းမရှိပဲ၊ နိုင်ငံတနိုင်ငံ ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းတရားစီရင် ပိုင်ခွင့် ကို စွက်ဖက်နေကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်၊ အဆိုပါ ကြေ ညာချက်တွင် ရိုဟင်ဂျာဟူသော အသုံး အနှုန်း၊ ဥပဒေကြမ်း ၄ရပ်၊ မြေယာကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ ကိစ္စနှင့်ပတ်သက် ၍ ဖော်ပြထားပြီး၊ရိုဟင်ဂျာဟု သုံးစွဲခေါ်ဝေါ်ခြင်းကို အတိအလင်းပယ် ချကြောင်း၊ မည်သည့်အခါမှ အသိအမှတ်မပြု ကြောင်း၊ ဤအသုံးအနှုန်းကို ထပ်ကာတလဲလဲသုံးနေခြင်းသည် အရေးကြီးသည့်ကိစ္စရပ်များ ဖြေရှင်းရာ တွင် အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်းပြောဆိုထားသည်၊ ကုလလူ့အခွင့်ရေး စုံစမ်းရေးမှူး၏ ခရီးစဉ်မှာ ပြည်သူများအား သဘောထားကွဲလွဲမှု မယုံကြည်မှု သွေးထိုးလှူံဆော်မှုအဖြစ် မရောက်စေသင့်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး အမုန်းပွား စေမည့် မည်သည့်ပြောဆိုချက်ကိုမဆို လက်ခံမည်မဟုတ်ကြောင်းရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။