မန္တလေးတိုင်း နိုင်ငံပိုင် အမှတ် (၂) ပလိပ်ချည်မြှင်နှင့် အထည်စက်ရုံကို ပင်ဒါ ချည်ထည်ကုမ္ပဏီသို့ လွှဲပြောင်းလိုက်ခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားပြီး နိုင်ငံဝန်ထမ်းခံစားခွင့်များ ဆုံးရှုံးခဲ့သည့် လုပ်သား ၇၀၀ကျော်က ယနေ့နံနက်ပိုင်းက မန္တလေးမြို့တွင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြသည်၊ တောင်း ဆိုချက် များမှာ လုပ်ခလစာရရှိရေး၊ လုပ်ငန်းခွင်အခွင့်အရေးနှင့်ပတ်သက်၍ မူလအတိုင်းရရှိစေရေး၊ လုပ်ငန်းခွင် တည်မြဲရေး၊ ဘဝအာမခံချက်ရရှိရေးတို့ဖြစ်သည်၊ ပလိပ်ချည်မြှင်နှင့် အထည်စက်ရုံကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပြီး၊ လွှဲပြောင်း စဉ်က အလုပ်သမားများကို အတင်းအဓမ္မဖိအားပေးကာ လျော်ကြေးပင်စင်ပေးခဲ့ကြောင်း၊ အလုပ်ရှင်မှ တဖက်သတ်ရေးဆွဲထားသည့် စာချုပ်ကို လက်မှတ်ရေးထိုးမှသာ လုပ်သားအဖြစ် ပြန်လည်ခန့်အပ်မည်ဖြစ် သည်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပြီး၊ ကျန်အလုပ်သမားများကလည်း ပလိပ်ချည်မြှင်နှင့် အထည်စက်ရုံ ရှေ့တွင် ထိုင်သပိတ်မှောက်လျှက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။