နိုင်ငံတည်ငြိမ်အေးချမ်းလာပါက တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်အတွင်းရှိနေခြင်းကို လျော့ချသင့်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ များတွင် ဖော်ပြထားသည်၊ ဗိုလ်ချုပ်မှူးကြီးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အလွှာအသီးသီးမှ ကိုယ် စားလှယ်များ ပါဝင်ရေးဆွဲထားသည့်အတွက် ပြင်ဆင်ရန်လိုအပ်ပါက ဥပဒေနှင့်အညီဆောင်ရွက်ရန်လိုပြီး၊ လူတိုင်းလည်း ဥပဒေနှင့် အညီနေထိုင်ရန်လိုကြောင်း၊ မြန်မာ့ဒီမိုကရေစီမှာ သက်တမ်းနှနယ်သေးကြောင်း ပြောကြားခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။