တပ်မတော်၏ ကိုယ်ပိုင်စီးပွားရေးသဖွယ်ဖြစ်နေသည့် လုပ်ငန်းများကို သင့်လျော်သည့်အချိန်တွင် အများ ပိုင်အဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စင်ကာပူ ဂုဏ်ထူးဆောင် ဝါရင့် ဝန်ကြီး မစ္စတာ ဂိုချောက်တောင်နှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်၊ စစ်တပ်စီးပွားရေး ဖြစ်သည့် ဦးပိုင်လီမိတက် အပါအဝင် လုပ်ငန်းများမှာ တပ်မတော်သား မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်း သက် သာချောင်ချိရေး လူမှုရေးလုပ်ငန်းများတွင် လုပ်ဆောင်နေခြင်းဖြစ်သလို၊ အမြတ်ရရှိရေးထက် တိုင်း ပြည် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဖွံဖြိုးမှုကို အထောက်အကူပြုစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့ပြီး၊ မစ္စတာ ဂိုချောက်တောင်က နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် သံယံဇာတများ ရောင်းချခြင်းအပေါ်တွင် မှီခိုမနေသင့်ပဲ ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုနှင့် တခြားလုပ်ငန်းများတွင်သာ ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့သည်၊ စင်ကာပူနိုင်ငံခေါင်းဆောင်များသည် စစ်အစိုးရလက်ထက်က တည်းက မြန်မာ့စီးပွားရေးနှင့် ထူထောင်ရေးတွင် အကြံပြုမှုများ ရှိခဲ့သော်လည်း စစ်အစိုးရက လိုက်နာခြင်း မရှိကြောင်း ဝေဖန်ပြောဆိုမှုများ မကြာခဏထွက်ပေါ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။