ကျောင်းသားလှုပ်ရှုားမှု၏ နောက်ကွယ်တွင် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို အကြောင်းပြုပြီး ဆူပူမှု များဖြစ်လာစေရန် ကျောင်းသားလူငယ်များကို အသုံးချကာ ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေမှုများ၊ အားပေးအားမြှောက် ပြုနေသည့် နိုင်ငံရေးအဖွဲ့အစည်းတချို့ ပါဝင်ပတ် သက် နေကြောင်း အစိုးရက စွပ်စွဲလိုက်ပြီး၊ တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ရဟန်းပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူမျိုးစုခေါင်းဆောင်များ၊ အရပ်ဖက်လူအဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးအတွက် မိမိတို့ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လည်း တိုက်တွန်းထားသည့် “ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ မိဘပြည်သူများထံ မေတ္တာ ရပ်ခံပန်ကြားချက်” ဆိုသည့် အချက် ၇ချက်ပါ ကြေညာချက်ကို ယမန်နေ့နေ့စွဲဖြင့် အစိုးရက ထုတ်ပြန်လိုက်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။