တရုတ်သစ်ခိုးဂိုဏ်းများကို မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက်၊ နယ်စပ်ဒေသတည်ငြိမ်ရေး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန အထူးကိုယ်စား လှယ် Mr. Wang Ying fan Yanတို့ နေပြည်တော်တွင် ယမန်နေ့က ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်၊ ကာချုပ်က နယ်စပ်ဒေသကိစ္စရပ်များတွင် တရုတ်နိုင်ငံ အနေဖြင့် မူဝါဒအရ ကန့်သတ်ထားသော်လည်း အောက်ခြေအဆင့်တွင်မူ လုပ်ပိုင်ခွင့်များရရှိနေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ များကြောင့် ရှေ့သို့ သုံးလှမ်းတက်သော်လည်း တလှမ်းမျှသာရောက်ကြောင်း၊ ပြည်သူ များ ကြားညှပ်မည်ကို မလိုလားကြောင်း ပြောဆိုခဲ့ပြီး၊ တရုတ်ကိုယ်စားလှယ်က နယ်စပ်ဒေသနှင့် ပတ်သက်၍ ကာချုပ်၏ အကြုံပြုဆွေးနွေးချက်ကို တင်ပြသွားမည်ဟု ပြောဆိုကြောင်း ယနေ့ထုတ်သတင်းစာတွင် ဖော်ပြထားသည်။ လက်ရှိအချိန်တွင် တရုတ်- မြန်မာနယ်စပ်ရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသ များတွင် တိုက်ပွဲများဖြစ်ပွားနေလျှက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။