ရှမ်းပြည် အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့၊ မော်ထိုက်မြို့များ အနီးတွင် မြန်မာ့တပ်မ တော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့များ အကြား ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားကြောင်းသိရသည်၊ အစိုးရ သတင်းထုတ်ပြန်ချက်၌ နယ်မြေရှင်းလင်းရေး လုပ်စဉ် တိုက်ပွဲဖြစ်ပွားခြင်းဟု ဖော်ပြထားသော်လည်း စစ်ဘက်နှင့် နီးစပ်သည့် သတင်းများအရ ကိုးကန့်တပ်ဖွဲ့များက လောက်ကိုင်၊ ကုန်းကြမ်း တာရွှေထန်၊ ညံခွမ်း ဒေသရှိ တပ်မတော်စခန်းများကို ဝင်ရောက်စီးနင်းရန် ကြိုးစားရာမှ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။