တရုတ်- မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ပီကင်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်၊ နယ်စပ်ဒေသမှာနေထိုင်တဲ့ လူတွေဟာ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံအတွင်း ဝင်ရောက်လာနေတာကြောင့် စိုးရိမ်ပူပန်ကြောင်း ဒါကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ကြိုးပမ်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၅ရက်နေ့က နေပြည်တော်မှာ မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန အထူးကိုယ်စား လှယ် Mr. Wang Ying fan Yanတို့ နယ်စပ်ဒေသတည်ငြိမ်ရေး ဆွေးနွေးပြီးနောက်မှာပဲ အခုလိုတိုက်ပွဲများ ဖြစ်ပွားလာတာဖြစ်ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။