ပုဂံ ရှေးဟောင်းဓမ္မရံကြီး ဂူဘုရား ထိန်းသိမ်းရေး တရုတ်နိုင်ငံက အကူအညီပေးမည်ဖြစ်ကြောင်း သတင်း ရသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တရုတ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဗျူရို အကြား ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်သဘောတူညီချက်အရ ဓမ္မရံကြီးဘုရား ထိန်းသိမ်းကာကွယ်ရေးနှင့်အစားထိုးပြုပြင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် နည်းပညာအကူအညီပေးမည်ဖြစ်ပြီး၊ အကဲဖြတ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် သုတေသနလုပ်ငန်း များဆောင်ရွက်ရန်ရှေ့ပြေးအဖွဲ့တဖွဲ့ကို ကွင်းဆင်းရန် စေလွှတ်မည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။