ကိုးကန့်တိုက်ပွဲများသည် တပြည်လုံး အပစ်ရပ်ရေး (NCA) ဆွေးနွေးမှုကို ထိခိုက်စေ နိုင်သောကြောင့် ပစ်ခတ်မှု ရပ်တန့် ကာ မပြေလည်မှုကို စားပွဲဝိုင်းတွင်စကားပြောသည့်နည်းဖြင့်သာ ဖြေရှင်းကြဖို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့အချို့က ကြားဝင် တိုက်တွန်းမည်ဟု သတင်းရရှိသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA ) နှင့် မိတ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ထိုသို့ သဘောတူခြင်းဖြစ်သည်၊ UNA အဖွဲ့ဝင်ဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ဦးအေးသာအောင်က ကိုးကန့် တိုက်ပွဲမှာ အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင် များအကြား သုံးနှစ် ကြာ ဆွေးနွေးခဲ့သည့် တပြည်လုံးအပစ်ရပ်ဆွေးနွေးမှုကို အဟန့်အတား ဖြစ်စေ နိုင်သဖြင့် လက်နက်ဖြင့် ဖြေရှင်းနေမှုကို ရပ်တန့်ကာ စားပွဲဝိုင်း ပေါ်တွင်သာ ဖြေ ရှင်းစေလိုသည်ဦးအေးသာအောင်က ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။