၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ဆုတ်ယုတ်လာကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး Amnesty International (AI)မှ ပြောခွင့်ရ မစ္စတာ Olof Blomqvist က VOA သတင်းဌာနမေးမြန်းခန်းတွေ ပြောလိုက်သည်။ ပြီးခဲ့သည့် တနှစ်ခန့်မှစတင်ကာ ဆုတ်ယုတ်လာခြင်း ဖြစ်ပြီး၊ တချို့အပိုင်းများတွင် တိုးတက်မှုရှိသော်လည်း တချိုကိစ္စများမှာ နောက်ပြန်လှည့်နေကြောင်း၊ လူ့အခွင့်ရေးလှုပ်ရှားသူများ၊ သတင်းထောက်များ၊ နိုင်ငံရေးသမားများ၊ ဆန္ဒပြလယ်သမားများကို ဖမ်းဆီး ထောင်ချမှုများရှိကြောင်း ပြောဆိုထားသည်၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိကျောင်းကန် သပိတ်စခန်းမှ ဦးဆောင်ဆန္ဒပြသူ ၁၄ ဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖမ်းဆီး ထောင်ချခဲ့သည်။ ထိုအပြင် ကိုးကန့်ဒေသ၌ ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်မှုခံရမှုကို ရှုတ်ချခဲ့ပြီး၊ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း Aiအဖွဲ့ VOA သတင်းဌာနသို့ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။