စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၏ ဒုတိယ အကြိမ် ညီလာခံက ချမှတ်လိုက်သည့် နိုင်ငံ ရေး လုပ်ငန်းစဉ် ၁၃ ရပ်ကို အကောင်အထည်ဖော်ရန် ၁၅ ဦး ကော်မတီ ဖွဲ့စည်းမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် UNA ညီလာခံက ဆုံးဖြတ်လိုက်ခြင်း ဖြစ် သည်။ ချမှတ်လိုက်သော လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပြဿနာ အရပ်ရပ်ကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်၊ စစ်ရေး ပဋိပက္ခအားလုံးကို တွေ့ဆုံ ညှိနှိုင်းရေးနည်းဖြင့်သာ ဖြေရှင်းရန်၊ တပြည်လုံး အပစ်ရပ်ရေး အမြန်လက်မှတ်ထိုးနိုင်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်ရန်၊ လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး ဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။