၆၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ဖရင့်ခန်းမ ယနေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ယင်းအခမ်းအနားတွင် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူး ၃ ဘာသာနှင့် အထက်ရရှိသူများ၊ မဟာတန်း အောင်မြင်ပြီး သူများ၊ Ph-D ရရှိသူများ၊ နယ်ပယ်အသီးသီးမှ ထူးချွန်အောင်မြင်သူများ၊ ချင်း နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းများ၊ စာပေနှင့် ယဉ် ကျေးမှု အဖွဲ့များကို ၆၇ နှစ်မြောက် ချင်း အမျိုးသားနေ့ အခမ်းအနား ကျင်းပရေး ကော်မတီ(ရန်ကုန်)က ဂုဏ်ပြုမှတ်တမ်းလွှာ ပေး အပ်ခဲ့ကြောင်း၊ ရိုးရာထည်များ ရောင်းချခြင်းနှင့် ရိုးရာအကများ၊ Fashion Shows၊ တေးဂီတများဖြင့်လည်း ဖျော်ဖြေ ခဲ့ကြသည်။ ၆၇ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ရန်ကုန်တိုင်း၊ မန္တလေး နှင့် နေပြည်တော်တို့တွင် တပြိုင်နက်တည်း ကျင်းပကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။