အစိုးရတပ်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့များ အကြား ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ အကျအဆုံးများ ရှိခဲ့သည်။ စစ်ဘေးဒုက္ခသည်များ ထွက်ပြေး တိမ်းရှောင် နေရပြီး ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေသည့် လောက်ကိုင်မြို့သို့ ဧရာဝတီဓာတ်ပုံသတင်းထောက် ဂျေပိုင်က သွားရောက် မှတ်တမ်းတင်ထားပါသည်။
အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)
အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။