• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမျိုးသား ပညာရေး ဥပဒေကြမ်းတွင် ဘာသာရေး သီးသန့်ကျောင်းများ အကျုံးမဝင်

by စနေလင်း
23 February 2015
in သတင်း
A A
ပညာရေးသပိတ်

၂၀၁၄ နိုဝင်ဘာလက အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ဆန္ဒပြပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - စတိဗ် တက္ကနာ/ဧရာဝတီ)

2.1k
VIEWS
Share on FacebookShare on Twitter

ပညာရေး လေးပွင့်ဆိုင် သဘောတူညီချက်အရ လွှတ်တော်သို့ တင်သွင်းထားသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် “အခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ” ဟူသော စကားရပ်၌ ဘာသာရေးသီးသန့် ပညာသင်ကျောင်းများ အကျုံးမဝင်ကြောင်း သိရသည်။

ကျောင်းသားသပိတ်ကို ဆန့်ကျင်သူများနှင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့က ဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်သော ပညာရေးကျောင်းဟူသော အချက်ကို ဝေဖန်နေကြပြီး အစိုးရ ရုပ်သံများမှလည်း ယင်းကြေညာချက်ကို ထုတ်လွှင့်ပေးနေသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
37
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
73
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
278

မဘသ (ဗဟို) က “ယခုဥပဒေကြမ်းတွင် တိုင်းပြည်နှင့်လူမျိုး အနာဂတ်အတွက် ရတက်မအေးစရာများ၊ ကျောချမ်းစရာ ယိုပေါက်ဟာပေါက်များ၊ ကြီးမားသော ဘေးထွက်ဆိုးကျိုးများ၊ မသိမသာ မလိမ့်တပတ် နားလှည့်ပါးရိုက်မှုများ မြောက်မြားစွာ ပါဝင်နေသည်ကို မျိုးချစ်များ၊ ပညာရှင်များ တွေ့မြင်ဝေဖန်နေကြောင်း၊ တိုင်းပြည်နှင့် လူမျိုး အနာဂတ်အတွက် အလွန်အရေးကြီးသောကြောင့် အလောတကြီး မဖြစ်စေဘဲ အချိန်ယူ ဆွေးနွေးတိုင်ပင်ရေးဆွဲကြရန် အထူးတိုက်တွန်းကြောင်း” ဟူ၍ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပသော ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) နှင့် သပိတ်မှောက် ကျောင်းသားကော်မတီက ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်း သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီက မေးမြန်းခဲ့ရာ NNER ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင်က “ဘာသာရေး အဖွဲ့အစည်းတွေက ဖွင့်ထားတဲ့ မြန်မာ၊ အင်္ဂလိပ်၊ သိပ္ပံ၊ သချၤာ စတဲ့ သင်တဲ့ကျောင်းတွေကိုပဲ ဆိုလိုတာပါ။ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေလို သင်တဲ့၊ တခြားဘာသာရေး အဖွဲ့အစည်းတွေက ဖွင့်ထားတဲ့ ကျောင်းတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျနော်တို့ဘက်က ပညာရေးရှုထောင့်ကနေပဲ ကြည့်တယ်။ မူလဥပဒေမှာလည်း ပြောထားပြီးသားပါ။ ဘာသာရေး သီးသန့်သင်တဲ့ကျောင်းတွေနဲ့ သက်ဆိုင်မှု မရှိဘူးဆိုတာ” ဟု ဖြေကြားသည်။

အစိုးရက ရေးဆွဲထားသည့် မူလ အမျိုးသားပညာရေး ဥပဒေ အခန်း ၆၊ ပုဒ်မ ၃၄ ကျောင်းအမျိုးအစား သတ်မှတ်ချက်များတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသာ ပါရှိပြီး တခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသည့် ပညာရေးကျောင်းများ မပါဝင်မှုကြောင့် ပြင်ဆင်ရေး ဥပဒေကြမ်းတွင် တခြား ဘာသာရေး အဖွဲ့အစည်များမှ ဖွင့်လှစ်ထားသော ပညာရေး ကျောင်းများကို ထပ်မံဖြည့်စွက်ရခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား ပညာရေးဥပဒေကို အတည်ပြုပြီးနောက် ခရစ်ယာန်ဘုရားကျောင်းများမှ တာဝန်ယူဖွင့်လှစ်သည့် ကျောင်းများမှ ဆရာ၊ ဆရာမများက NNER သို့ တင်ပြခဲ့ကြောင်း၊ ကျောင်းသားများ တောင်းဆိုချက် ၁၁ ချက်တွင် ပါဝင်သော “မသန်စွမ်းကလေးများ အပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင် ပညာရေး” သည် ကလေးအားလုံးနှင့် သက်ဆိုင်သဖြင့် “အခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ” ကို ကျောင်းအမျိုးအစားကဏ္ဍတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း NNER က ထုတ်ပြန်ထားသည်။

NNER ကိုယ်စားလှယ် မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ (ခဝဲခြံ မျက်မမြင်ကျောင်း) ကျောင်းအုပ် ဦးသိန်းလွင်က NNER၊ သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရ၊ လွှတ်တော်တို့ သဘောတူပြီးမှ ရေးဆွဲသည့် ဥပဒေကြမ်းတွင် ပါဝင်လာမှ ဘာသာရေးဆိုင်ရာ ကိစ္စများ ဖြစ်လာသယောင် ပြောဆိုနေခြင်းက မဖြစ်သင့်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ဘာသာရေး လွတ်လပ်ခွင့်ကို ခွင့်ပြုထားကြောင်း၊ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေတွင်လည်း ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ရှိနေကြောင်း ပြောသည်။

အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ “သင်ကြားရေးတွင် ဘာသာစကားသုံးမျိုးစနစ်ဖြစ်သော မိခင်ဘာသာစကား၊ မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတို့ကို အသုံးပြု သင်ကြားမည်” ဟူသော အချက်မှာလည်း နယ်စပ်နှင့် တောင်ပေါ်ဒေသများတွင် နေထိုင်ကြသည့် ကလေးများများအတွက် ရည်ရွယ်ကြောင်း NNER ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောင်းဆရာများ လွတ်လပ်စွာ နိုင်ငံရေး ပါတီဝင်ရောက်ခွင့်သည် အစိုးရဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုသည့်အချက်နှင့် ကွဲလွဲနေနိုင်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီက မေးမြန်းခဲ့ရာ ဆရာများသမဂ္ဂမှ ဒေါက်တာ အာကာမိုးသူက “ကျနော်တို့ ဆရာတွေမှာ ကြံ့ခိုင်ရေးပါတီကို ခြစ်ထားတဲ့ မဲလက်မှတ်တွေပဲ အဆင်သင့် ဖြစ်ခဲ့ကြတာ။ အခုချိန်အထိလည်း ကျောင်းတွေထဲကို နိုင်ငံရေးက ဝင်ရောက်နေတာပဲ မဟုတ်ဘူးလား။ ဝန်ထမ်းတွေက ကျွန်တွေ မဟုတ်ပါဘူး။ နိုင်ငံရဲ့ ဝန်ထမ်းပါ။ အဲဒီအတွက် ကိုယ်ယုံကြည်ရာကို ယုံကြည်ခွင့်ရှိရမှာပါ” ဟု ဖြေကြားသည်။

ထို့အပြင် အမျိုးသား ပညာရေးဥပဒေ ပြီးမြောက်သွားလျှင် ကျောင်းဆရာများသည် တက္ကသိုလ်အလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အောက်တွင်သာ ရှိတော့မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ယခုအချိန်တွင် ကျောင်းသားသပိတ်ကို မထောက်ခံသည့် လူထုဆန္ဒ ဖော်ထုတ်ပွဲများ၊ တက္ကသိုလ်များတွင် စီမံခန့်ခွဲသူများက ဦးစီးပြီး ငြိမ်းချမ်းစွာ စာမေးပွဲဖြေဆိုရေးဆိုပြီး ထောက်ခံလက်မှတ်များ ကောက်ခံမှု၊ စုဝေးပွဲများကျင်းပမှု၊ ဥပဒေကြမ်း ဆွေးနွေးပွဲများ ကျင်းနေမှု၊ အစိုးရပိုင်းကလည်း ဥပဒေကြမ်းကို ပြည်သူလူထု၏ အကြံပြုလွှာများ တောင်းခံမှုများသည် ရိုးသားမှု မရှိကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားကိုယ်စားလှယ် ကိုဇေယျာလွင်က ပြောသည်။

လွှတ်တော်တွင် ယခုဥပဒေကြမ်းနှင့် ပက်သက်ပြီး ကျောင်းသားများ တောင်းဆိုချက်များအပေါ် အာမခံချက် တစုံတရာမရလျှင် မတ်လ ၁ ရက်နေ့တွင် ကျောင်းသားသပိတ် ပင်မစစ်ကြောင်းကို ရန်ကုန်အထိ ချီတက်မည်ဖြစ်ပြီး အဆိုပါ မတ်လ၌ ကျင်းပမည် တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်ရောက်လျှင် သပိတ်နှင့် ပက်သက်ပြီး ထပ်မံ ထုတ်ပြန်မည် ဖြစ်ကြောင်း ကျောင်းသားကိုယ်စားလှယ် ကိုနန္ဒစစ်အောင်ကလည်း ပြောသည်။

“အမျိုးသား ပညာရေးဥပဒေ အတည်ပြုတုန်းကတော့ ပြည်သူလူထုအပေါ် စဉ်းစား၊ အကြံပြုချိန်မပေးဘဲ အခုမှလုပ်တာ ဆိုတော့ ဒါ မရိုးသားတဲ့လုပ်ရပ်ပဲ။ နောက်ပြီး ကျနော်တို့သပိတ်အပေါ်မှာ တန်ပြန်လုပ်တာနဲ့လည်း သဘောမတူတဲ့ သူတွေက သဘောမတူကြောင်း လုပ်ရင် သဘောတူတဲ့ သူတွေက သဘောတူကြောင်းကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်သွားမယ်” ဟု ၎င်းက ဆိုသည်။

၄ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာနမှ တင်သွင်းသည့် ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ရုတ်သိမ်းပြီးမှ ဖေဖော်ဝါရီ ၁၉ ရက်တွင် အစိုးရဘက်က သတင်းစာတွင် ထုတ်ပြန်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က အများပြည်သူများ သိရှိရန် ထုတ်ပြန်ခဲ့သည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတွင်လည်း ၄ ပွင့်စလုံး သဘောတူရေးဆွဲခဲ့မှုကို NNER နှင့် ကျောင်းသားများကသာ ဦးဆောင်ရေးဆွဲသယောင် ထုတ်ပြန်ထားကြောင်း စသည့် ကွဲလွဲချက်များနှင့် ပတ်သက်ပြီး အစိုးရထံသို့ အိတ်ဖွင့်ပေးစာတစောင်ကိုလည်း ပေးပို့ထားကြောင်း သိရသည်။

Your Thoughts …
Tags: Education
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
203k

လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ လိင်တံကျိုးခြင်း၊ မအင်္ဂါ စုတ်ပြတ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်းခြင်းတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
140.9k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.1k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

ကျန်းမာရေး , လိင်ပညာပေး

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
185.5k

လိင်မှုဆိုင်ရာ စွမ်းရည်တွေကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၅ ခုကတော့ အလေးမခြင်း၊ Kelgel လေ့ကျင့်ခန်း ၊ ယောဂ လေ့ကျင့်ခြင်း၊ ရေကူးခြင်းနဲ့ လမ်းမြန်မြန်လျှောက်ခြင်းတို့ ဖြစ်ပါတယ်

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

Next Post
ဘူတာ

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကုမ္ပဏီ ၂ ခု ပဏာမရွေးချယ်ထား

RCSS

အစိုးရနှင့် RCSS ကြား တပ်နေရာ ချထားရေး သီးသန့် ဆွေးနွေးမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate