ရွှေပြည်သာနှင့် လှိုင်သာယာ စက်မှုဇုန်များတွင် ဖြစ်ပေါ်နေသည့် စက်ရုံကို ပိတ်ဆို့ကာ ဆန္ဒပြမှုများသည် ပြည်ပရင်းနှီးမြုပ်နှံမှုများကို အဟန့် အတားဖြစ်စေပြီး၊ နိုင်ငံတော်ပုံရိပ်ကိုကျဆင်းစေ ကြောင်း၊ ပြည်ပရှင်းနှီး မြုပ်နှံမှုများ ရပ်ဆိုင်းကာစက်ရုံများ ပိတ်သိမ်းသွားပါက အလုပ်သမားများ ထိခိုက်နစ်နာစေမည့် အပြင် ပြည်ပ ရင်းနှီးမြုပ်နှံသူများအနေဖြင့်လည်း အစိုးရအပါ်တွင် ယုံကြည်မှုလျော့ကျစေမည်ဖြစ်ကြောင်း၊ ထိုအတွက် ဥပဒေနှင့် မညီသည့် အကြမ်းဖက်တောင်းဆိုမှုများ၊ ပိတ်ဆို့ ဆန္ဒပြမှုများ၊ သွေးထိုးလှုံဆော်အား ပေးသူများ ကို တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ကြောင်း ယနေ့ထုတ်အစိုးရသတင်းစာများတွင်ဖော်ပြထားသည်။လွန် ခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ကတည်းကစတင်ကာ ရွှေပြည်သာနှင့် လှိုင်သာယာ စက်မှုဇုန်ရှိ Red Stone၊ Ford Glory၊ E Land Myanmar စသည့် အထည်ချုပ်စက်ရုံများတွင် လုပ်ခလစာတိုးပေးရေး ဆန္ဒပြနေခြင်း ဖြစ်ပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းကမူ အလုပ်သမားသပိတ်မှောက်မှုများကို ပြည်သူ့ရဲတပ်ဖွဲ့က ဖယ်ရှားခဲ့သည့် အတွက် နှစ်ဘက် အပြန်အလှန်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။