မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ လမ်းချော်နေသည့်အတွက် လမ်းကြောင်းမှန်သို့ ရောက်ရှိရန် အတွက် အရေးတကြီး ပြန်လည်လုပ်ဖို့ လိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က မနေ့က တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့် အရေးချိုး ဖောက်မှု၊ လွတ်လပ်စွာပြောဆိုခွင့်နဲ့ သတင်းမီဒီယာများအပေါ် ကန့်သတ်ချုပ်ချယ်မှု၊ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ကိုးကန့်တိုက်ပွဲများကို ကြည့်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေးဟာ လမ်းလွဲဘက်ကို ဦးတည် နေကြောင်း ထောက်ပြ သွားပါတယ်။ပြီးခဲ့တဲ့ တပတ်က မြေသိမ်းခံ မိချောင်းကန် ဆန္ဒပြသမားတွေကို ထောင်ဒဏ်ချမှတ်မှု၊ သတင်းသမားတွေကိုထောင်ဒဏ် နှစ်ရှည်ချထားမှု၊ ဘာသာရေး အစွန်းရောက်မှုတွေကို ဝေဖန်တဲ့ ဦးထင်လင်းဦးအမှု စတာတွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။