အမျိုသားပညာရေး ပြင်ဆင်ဥပဒေကြမ်းကို မဘသ ဟု လူသိများသည့် အမျိုးဘာသာ သာသနာအဖွဲ့ကလည်း ဝင်ရောက်အကြံပြုကြောင်း ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။ တက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်၍ ကျောင်းသားများ စိတ်ကြိုက် တက္ကသိုလ်ရွေးချယ်ခွင့်ရှိသော်လည်း သက်ဆိုင်ရာတက္ကသိုလ်၏ အရည်အချင်း စစ်စာမေးပွဲဖြင့်သာ လက်ခံရမည်ဖြစ်၍ ပြင်ဆင်ဥပဒေကြမ်းပါ ပုဒ်မ ၄ ပုဒ်မခွဲ (ဌ)ကို ပယ်ဖျက်ရန်၊ အောင်မြင် သည့် ကမ္ဘာကျော်တက္ကသိုလ်ကြီးများတွင်ပင် ထင်ရာလုပ်ပိုင်ခွင့်မရှိ၍ ကျောင်းအုပ်ချုပ်ရေးတွင် ကျောင်းသား သမဂ္ဂကိုယ်စားလှယ်ပါဝင်ရမည်ဆိုသည့် အခန်း(၄) ပုဒ်မ ၅ (က) ပုဒ်မခွဲ (ငင)ပယ်ဖျက်ရန်၊ မိခင်ဘာသာစကား မြန်မာဘာသာနှင့် ကမ္ဘာသုံး အင်္ဂလိပ်ဘာသာကို တွဲဖက်သင်ကြားကာ တိုင်းရင်းသားများ အတွက် ဘာသာ စကားသင်ကျောင်းများကို နိုင်ငံတော်မှ ဦးဆောင်စီစဉ်ပေးသင့်ကြောင်း ဖော်ပြထား သည်။ထိုသို့ ဘာသာရေးအဖွဲ့များ လောကီရေးရာများတွင် ဝင်ရောက်ပြောဆိုခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများလည်းဖြစ်ပေါ်နေသည်
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။