လက်ပံတန်းမြို့တွင် ရောက်ရှိနေသည့် ကျောင်းသားများကို လုံထိန်းအင်အား ၃၀၀ခန့်ဖြင့် ဝိုင်းထားပြီး ကျောင်းသားများကို လူစုခွဲရန် မီးသတ်ကားများ၊ဖမ်းဆီးခေါ်ဆောင်ရန်အတွက် ကုန်ကားကြီးများကိုလည်း အသင့်ပြင် ထားကြောင်း၊ မြို့လူထုမှလည်း ကျောင်းသားများကို လာရောက် ဝန်းရံပေးကြောင်း ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းသွေးသစ်က ပြောသည်။ ကျောင်းသားများအနေဖြင့် ပြည်ထဲရေး ဝန်ကြီးနှင့် ညှိနှိုင်းပြီး သဘောတူညီချက်ရရှိလျှင် ပိတ်ဆို့မှုကို ဖွင့်ပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်း အနောက်ပိုင်းရှိ အာဏာပိုင်များ လာရောက်ပြောဆိုသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။