• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

အစိုးရ တပ်မတော်နှင့် RCSS/SSA တိုက်ပွဲ ပြန်လည်ဖြစ်ပွား

by နန်းဆိုင်နွမ်
3 March 2015
in Ethnic Issues
A A
RCSS/SSA , ငြိမ်းချမ်းရေး

၆၇ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အထိမ်းအမှတ်ပွဲ၌ စစ်ရေးပြနေကြသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ကွန်မန်ဒို တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

4.9k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် အစိုးရ တပ်မတော်သည် ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားကြောင်း သိရသည်။

ယခုဖြစ်ပွားသည့် အစိုးရ ခြေလျင်တပ်ရင်း(ခလရ) ၂၄၈ နှင့် တိုက်ပွဲသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် “၆၈” နှစ်မြောက် ပြည် ထောင် စု နေ့တွင် RCSS/SSA နှင့် ဦးသိန်းစိန် အစိုးရ အကြား ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိကဝတ် ဆိုင် ရာ လက်မှတ် ရေးထိုးခဲ့ပြီးနောက်ပိုင်း ပြန်လည် ဖြစ်ပွားသည့် တိုက်ပွဲ ဖြစ်သည်။

RelatedPosts

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
944
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

14 July 2025
467
မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

14 July 2025
31

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကလည်း RCSS/SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

RCSS/SSA တောင်ကြီးမြို့ ဆက်ဆံရေးရုံးမှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းဦးက“ဒီအချိန်က ယုံကြည်မှု တည်ဆောက်တဲ့ အချိန် အရေးကြီးပါတယ်။ အခု လောလောဆယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချက်ချင်း ဖြေရှင်းမယ်လို့ ထင်ပါတယ်။ အရင်လည်း ဖြစ်နေ တယ်။ အခု လက်မှတ်ထိုးထားလည်း ဖြစ်နေတယ် ဆိုတော့ ဘာကို ယုံကြည်ရမှန်းကို မသိဘူး။ တိုက်ပွဲက အသေးအမွှားဆိုပြီး ဂရု မစိုက်ဘဲ နေလို့မရပါဘူး”ဟု ဧရာဝတီကို ပြောသည်။

ယခု ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် မောက်မယ်မြို့နယ် ဝမ့်နားကျေးရွာ အုပ်စု၌ RCSS/SSA သင်တန်းပေးနေသည့် မောက်မယ် ဒေ သ ခံ လူငယ်များ စွမ်းရည်မြှင့်တင်ရေး သင်တန်းသို့ လာရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်းနှင့် ထိုသင်တန်းမှ ကျောင်းဆရာ တဦး ကို အစိုးရ တပ်က ခေါ်ဆောင် သွားကြောင်းလည်း ဗိုလ်မှူး စိုင်းဦးက ဆက်ပြောသည်။

“ကျောင်းဆရာက အခုထိ မလွတ်သေးဘူး။ တိုက်ပွဲတွေ ပြန်ဖြစ်တော့ ယုံကြည်မှုကို အနည်းနဲ့အများ ပျက်ပြားစေတယ်။ ကျနော်တို့လို လက်မှတ်ထိုးထားတဲ့ အုပ်စုတောင် ဒီလို ဖြစ်တယ်ဆိုတော့ ကျန်တဲ့သူတွေရော ဘယ်လို ယုံကြည်ကြတော့မှာလဲ”ဟု ဗိုလ်မှူး စိုင်းဦးက ပြောဆိုသည်။

အဆိုပါ လူငယ်သင်တန်းကျောင်း ဖွင့်လှစ်ခဲ့သည်မှာ ၁ လကျော်သာ ရှိသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် အတွက် သင်တန်း ကျောင်းကို ပိတ်ထားရကြောင်း ဒေသခံ တဦးကလည်း ဧရာဝတီကို ပြောသည်။

အစိုးရ နှင့် RCSS/SSA သည် ၂၀၁၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီး ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု အဆင့် သဘော တူညီမှု ရရှိပြီးနောက်ပိုင်း၌ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားကြောင်း သိရသည်။

Your Thoughts …
Tags: SSA
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

by Bertil Lintner
20 March 2024
17.5k

ရှမ်းတပ်များကို အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်တွင် ညီညွတ်စေရန် ပထမဆုံး ကြိုးစားပြီးနောက် နှစ်ပေါင်း ၆၀ ကြာသည့်တိုင် ၎င်းတို့သည် ကွဲပြားနေဆဲဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

by မိုင်းခြိူဝ်းဇာရ်
24 September 2023
8.1k

ကွတ်ခိုင်မြို့နယ်၊ မန်ပလန်ရွာအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိတဲ့ SSPP စစ်ကြောင်း နဲ့ နယ်မြေခံ TNLA လှုပ်ရှားတပ်တွေအကြားမှာ နာရီဝက်ကျော်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့...

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း

အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း

by ရဲမျိုးဟိန်း
22 August 2024
6.3k

လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများသည် ပြင်ဦးလွင်၊ မတ္တရာနှင့် စစ်ကိုင်းမှ မန္တလေးသို့ ဘက်စုံချီတက်ရန် ပြင်ဆင်နေပုံရသည်။

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

by ဧရာဝတီ
15 November 2024
3.3k

မေးစရာ မေးခွန်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဆင်ရေးများကို အကောင်အထည် မည်သို့ဖော်မည်နည်း။ အရင်အတိုင်း ပြောက်ကျားပစ်ပြီး ပြန်ဆုတ်ခွာမည်လား၊ စစ်တပ်ကို ချေမှုန်းပြီး လွတ်မြောက်ဒေသ ထူထောင်နိုင်မည်လား။

စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

by ဧရာဝတီ
18 June 2025
197

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟူးဆွန်ကျေးရွာအနီးက ဂိတ်စခန်းတခုကို ဇွန်လ ၁၆ ရက်နေ့က နှစ်ဘက်လု အထိုင်ချရာကနေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကြား ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။

Next Post
ကချင်

နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ဒေါ်မေစပယ်ဖြူ ချီးမြှင့်ခံရ

V Gastro bar အမှု

ဗုဒ္ဓဘား အမှု လာမည့် မတ်လ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမည်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.2k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

6 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate