• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

လက်ပတ်နီဝတ်တွေရဲ့ ကျောင်းသားသပိတ် အကြမ်းဖက်မှုအပေါ် တိုင်းရင်းသားတွေရဲ့အမြင်များ

by ကျော်ခ
9 March 2015
in Ethnic Issues
A A
လက်ပတ်နီဝတ်တွေရဲ့ ကျောင်းသားသပိတ် အကြမ်းဖက်မှုအပေါ် တိုင်းရင်းသားတွေရဲ့အမြင်များ
4.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့မှာ မတ်လ ၅ ရက်နေ့ ညနေပိုင်းက အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ နေတဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြမှုကို ထောက်ခံနေတဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က အဖွဲ့ဝင် တွေ ကို ရာဘာတုတ်တွေ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ “တာဝန်” ဆိုတဲ့ လက်ပတ်နီတွေကို ဝတ်ဆင်ထားတဲ့ အရပ် ဝတ် အဖွဲ့တွေက အကြမ်းဖက် ရိုက်နှက် ဖြိုခွဲခဲ့ကြပါတယ်။ အခုလို အင်အားသုံး အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် အစိုးရ အပေါ် ဝေဖန်မှုတွေ အရှိန်မြင့်တက်လာသလို တချိန်တည်းမှာပဲ အစိုးရက “စွမ်းအားရှင်”တွေ ပြန်သုံးနေပြီလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။  အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုတွေကို မျက်ခြေ မပြတ် စောင့်ကြည့် နေကြသူတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေလည်း ပါဝင်ပြီး ကျောင်းသား သပိတ် အကြမ်းဖက်ဖြိုခွင်းမှုအပေါ် တိုင်းရင်းသား အဖွဲ့တွေကလည်း တုန့်ပြန်ဝေဖန်တွေ ရှိခဲ့ပြီး သူတို့ရဲ့ အမြင် သဘော ထား တွေကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ် မေးမြန်းထားပါတယ်။

Khu Oo Rehခူဦးရယ်
အထွေထွေ အတွင်းရေးမှူး၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
21
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
20
ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

13 May 2025
22

UNFC အနေနဲ့လည်း ကျနော်တို့ Statement ထုတ်ပြီးသားပါ။ ကျောင်းသားသပိတ်နဲ့ပတ်သက်လို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ တောင်းဆိုမှုတွေမှာ အာဏာပိုင်တွေအနေနဲ့ ပြေပြေလည်လည် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အကြမ်းဖက် တာမျိုးတွေ အရေးယူ ဆောင်ရွက်တာမျိုးတွေ မလုပ်သင့်ဘူးဆိုတာ ကျနော်တို့ တိုက်တွန်းထားပါတယ်။  ဒါက ကျနော်တို့ UNFC အနေနဲ့တင် ပြောနေတာ မဟုတ်ဘူး။ တော်တော်များများလည်း အလားတူ ပြောနေ ကြပါတယ်။ အားလုံး ပြောနေတဲ့ ကြားထဲက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတောင်းဆိုနေတဲ့ဟာတွေကို အခုလို အင်အားသုံးပြီးတော့ ဖမ်းဆီး၊ ရိုက်နှက် အရေးယူတယ်ဆိုတဲ့ ဟာမျိုးတွေကတော့ ကျနော်တို့အတွက် အလားအလာမကောင်းဘူး။

ရှင်းရှင်းပြောရရင် ဒီဆန္ဒပြမှု တခုတည်းတင် မဟုတ်ပါဘူး။ နိုင်ငံအတွင်းမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေတယ်။ ဒီလို ပြဿနာတိုင်းကို အခုလို အကြမ်းဖက်မှုနဲ့ ဖြေရှင်းတာမျိုးတွေကတော့ အခုနေ အချိန်အခါ မျိုးမှာလည်း မလုပ်သင့်တော့ပါဘူး။ တချို့ အာဏာပိုင်တွေနဲ့ ကျနော်တို့ တွေ့ဆုံတဲ့အခါမှာ သူတို့ပြောတဲ့ ဒီမိုကရေစီက ကျနော်တို့ နားလည်တဲ့ ဒီမိုကရေစီလား။ သူတို့ ဘာသာသူတို့ထုတ်တဲ့ ဒီမိုကရေစီလား ကျနော်တို့လည်း နားမလည်တော့ဘူး။

တချို့အာဏာပိုင်တွေက လူထုတွေက ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ ဟာမျိုးတွေပြောတာ ရှိတယ်။ ဆိုတော့ လူထုတွေကပဲ ဒီမိုကရေစီနဲ့ မထိုက်တန်သေးတာလား။ နားမလည်သေးတာလား။ သူတို့ (အာဏာပိုင်တွေ) ကပဲ ဒီမိုကရေစီ ကို နားမလည်ဘဲနဲ့ နားလည်သယောင် အသုံးပြုပြီးတော့ ဒီမိုကရေစီ ဆိုတာကို ပါးစပ်ထဲ ထည့်ပြော ပြီးတော့ လုပ်နေတာက တခြား ပုံစံမျိုးတွေ တလွဲအသုံးချပြီး လုပ်နေသလားလို့ ကျနော်တို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရဲနဲ့ ပတ်သက်ရင် ပြည်သူ့ ဘက်တော်သားတို့ တရားဥပဒေ စိုးမိုးရေးတို့ ဆိုပြီး သုံးတာလည်း ရှိပါတယ်။ တကယ်တမ်းမှာ ပြည်သူ့ဘက်တော်သား ဖြစ်မဖြစ် တရားဥပဒေစိုးမိုးရေးကို သူတို့ တကယ်ပဲ ထိန်းသိမ်း သလားဆိုတာကို ကျနော်တို့ထက် လူထုတွေက ပိုပြီးတော့ သိပါလိမ့်မယ်။

ဒီထက်ပိုပြီး အတိုင်းအထက် အလွန်အကျွံလုပ်လာမယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ နောက်ထပ် တုံ့ပြန်မှု တခုခု ရှိကောင်း ရှိလာနိုင်ပါတယ်။ ဒီလိုမဖြစ်ပေါ်ခင်မှာ နဂိုကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသူ၊ ကျောင်းသား တွေကို အကြမ်း မဖက်ဖို့ အကြမ်းဖက်လာလို့ရှိရင် ဘာတွေဖြစ်လာနိုင်ခြေ ရှိသလဲ ဆိုတာ ကျနော်တို့ စိုးရိမ်မှုကို ရှင်းရှင်း လင်းလင်း ထုတ်ဖော်ပြီးသားပါ။

Mah Mah Mahပဒိုမန်းမန်း
အတွင်းရေးမှူး ၂ ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)

ဒီလိုအကြမ်းဖက် ဖြိုခွင်းမှုတွေ ဖြစ်လာမှာကို စိုးရိမ်လို့ မနေ့ကပဲ ကျနော်တို့ သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ တယ်။ ဒီလိုမျိုး အကြမ်းဖက် နှိမ်နှင်းတဲ့ ဖြေရှင်းနည်းနဲ့ သွားမယ်ဆိုရင်တော့ ကျနော်တို့ စိုးရိမ်မှုတွေ ရှိလာပါတယ်။ ဒီလိုမျိုး အကြမ်းဖက် နှိမ်နှင်းမှုတွေ လုပ်လာလေလေ ကျောင်းသားလှုပ်ရှားမှုက ပိုမိုပြီးတော့ ပြင်းထန်လာနိုင်တဲ့ သဘောရှိတယ်။

ကျောင်းသား လှုပ်ရှားမှု ပိုမိုပြင်းထန်လာတာနဲ့အမျှ ပြည်သူလူထု တရပ်လုံးကလည်း ပါလာနိုင်တယ်။ လူထုအုံကြွမှုကို ရောက်သွားနိုင်တဲ့အတွက် ကျနော်တို့ အဲဒါကို စိုးရိမ်စိတ် ဖြစ်မိတယ်။ အဲလို လူထုအုံကြွမှုတွေ ဖြစ်လာရင် အစိုးရ ကလည်း ဒီထက်ပြင်းထန်တဲ့ နှိမ်နှင်းမှုတွေ ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ကျနော်တို့ အများကြီး စိုးရိမ်ပါတယ်။

ကျောင်းသားတွေ တောင်းဆိုတဲ့ အချက်တွေကလည်း ရှင်းရှင်းလင်းလင်းပါပဲ။ ဒီမိုကရေစီ ပညာရေးစနစ်ကို ဘယ်လို သွားမလဲ ဆိုတဲ့ အပိုင်းမှာ ဒီအပေါ်မှာ ဘယ်လိုသွားမလဲ။ တဘက်ကလည်း လွှတ်တော်ကနေပြီးတော့မှ ပြင်ဆင်မှုကို စောင့်ဆိုင်းပြီး လူထုသဘောထားကိုလည်းပဲ ညီညွှတ်မှုကို ဖော်ပြရင်း ဆန္ဒဖော်ထုတ်မှုကိုတွေကို အေးအေးချမ်းချမ်းနဲ့ လုပ်သွားတာကိုလည်း ကျနော်တို့ တွေ့နေရတယ်။

အဲလို အေးအေးချမ်းချမ်းနဲ့ ဆန္ဒဖော်ထုတ်မှုအပေါ်မှာ ဒီထက်ပိုပြီး အကြမ်းဖက် ဖြိုခွင်းမှုတွေဖြစ်လာမယ် ဆိုလို့ ရှိရင် တော့ ကျနော်တို့ သမိုင်းမှာ ဖြစ်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ကလိုမျိုး ပြန်ရောက်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်။ ဖြိုခွင်း ခံရတဲ့ နောက်ပိုင်းမှာ ကျောင်းသားတွေက တောထဲရောက်ပြီးတော့ လက်နက်ကိုင်ရတဲ့ အဆင့် ဒါတွေ ရှိခဲ့တယ်။ အဲလိုမျိုး အဖြစ်တွေကို တွန်းပို့တာမျိုးတွေ မဖြစ်စေချင်ဘူး။

ဒီလို သမိုင်းကြောင်းတွေအရ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ သိမ်သိမ်မွေ့မွေ့နဲ့ ညင်ညင်သာသာနဲ့ ကိုင်တွယ် ဖြေရှင်းစေချင်ပါတယ်။ ကျနော်ပြောချင်တာက လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့တောင်မှ ငြိမ်းချမ်းရေးကို ဆွေးနွေးနိုင်တယ်ဆိုလို့ရှိရင် လက်နက်မဲ့တဲ့ ကျောင်းသားတွေနဲ့ ဘာဖြစ်လို့ အေးအေးချမ်းချမ်း မဆွေးနွေးနိုင်ရမှာလဲ ဆိုတဲ့ ကိစ္စက ကျနော်တို့ မေးစရာဖြစ်လာပြီ။

လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးနေပြီး လက်နက်မဲ့ ကျောင်းသားတွေနဲ့ မဆွေးနွေးနိုင်စရာတော့ အကြောင်း မရှိဘူး။ ဒါကြောင့် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာတဲ့ နည်းလမ်းကိုပဲ သွားစေချင်တယ်။ အကြမ်းဖက် ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘဲ နဲ့ပေါ့။

Mai Phone Kyawဗိုလ်မှူးကြီး တာဘုန်းကျော်
ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်

ကျောင်းသား သပိတ်ကို အကြမ်းဖက်ဖြိုခွဲတာဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ပြီဆိုတဲ့ အချိန်မှာ သွားတဲ့ လမ်းစဉ်တွေက နောက်ပြန်ဆုတ်နေတယ်ဆိုတာ ဒီဟာတွေက သက်သေပြနေတာပဲ။ ကျနော်တို့ နိုင်ငံအနာဂါတ်အတွက် တော်တော်ကို စိုးရိမ်စရာ ကောင်းတယ်လို့ မြင်ပါတယ်။ ဒါဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ။

ကျနော်တို့ နဂိုကတည်းက တောက်လျှောက်ပြောနေတာပဲ။ လက်ရှိ အစိုးရက လူတွေဟာ အရင်အစိုးရက စစ်ခေါင်း ဆောင် အဟောင်းတွေပဲ။ ပြီးတော့ နောက်ကွယ်မှာ အာဏာအရှိဆုံးကလည်း ပြန်ကြည့်မယ်ဆိုရင် လက်ရှိ တာဝန် ယူနေတဲ့ တပ်ချုပ်ကြီး(ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ကပဲ ထိန်းထားတဲ့ သဘောရှိတယ်။

ဆိုတော့ ဒီလိုဆောင်ရွက်တဲ့ ကိစ္စတွေ ပိုပြီးဖြစ်လာလေ ကျနော်တို့ နဂိုကတည်းကပြောနေတဲ့ ဟန်ပြ ဒီမိုကရေစီရဲ့ နောက်ကွယ်က စစ်ခေါင်းဆောင်တွေ ထိန်းထားတယ်ဆိုတဲ့ အချက်ဟာ ပိုပြီးတော့ ခိုင်မာလာတယ်။ တကယ် ပြောင်းလဲ တာမဟုတ်ဘူး။ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ စစ်စစ်ကို ဦးတည်နေတာမဟုတ်ဘူးဆိုတာကို ကျနော်တို့ ပိုပြီး ရှင်းလင်း စွာမြင်လာရပါတယ်။

ကျောင်းသားတွေ တင်ပြတဲ့ အခုတောင်းဆိုချက်တွေက လက်ရှိ ဆန္ဒပြနေတဲ့ ကျောင်းသားလေးတွေက သူတို့ အတွက်ပဲ သီးသန့် တောင်းဆိုချက်တွေ မဟုတ်ဘဲနဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့ အရေးလို့ ကျနော်တို့ မြင်တယ်။ နိုင်ငံတော် ခေါင်းဆောင်တွေလို့ ပြောတဲ့ လူတွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေ မဖြစ်ဖို့ဆိုရင် နဂို ကတည်း က အားလုံးကို ကိုယ်စားပြုနိုင်မယ့်၊ နိုင်ငံရဲ့ အနာဂါတ်ကို တကယ်လှပနိုင်မယ့် အခု တင်ပြတဲ့ NNER အဖွဲ့က တင်ပြ တဲ့ ပုံစံအတိုင်း အကုန်လုံး ရေးမယ်ဆို ရေးလို့ရတယ်။ ဒါပေမယ့် အာဏာကို ဆက်ထိန်းထားချင်လို့ ဒီလို အများ လက်မခံနိုင်တဲ့ ဥပဒေတွေကို ဆွဲထားတယ်လို့ပဲ မြင်တယ်။

ကျောင်းသားလှုပ်ရှားမှုဟာ တတိုင်းပြည်လုံး ပညာရေးအတွက် ဖြစ်တယ်။ တရား မျှတမှု ရှိတယ်။ တကယ်လုပ်သင့် လုပ်ထိုက် တဲ့ လှုပ်ရှားမှုလို့ ကျနော်တို့က ဒီလိုပဲ မြင်ပါတယ်။

Salai Yaw Aungဆလိုင်းယောအောင်
ဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)

ဒီအကြမ်းဖက် လုပ်ရပ်ကို ကျနော်တို့ကတော့ ရှုတ်ချပါတယ်။ နောက်တခုကတော့ ဦးသိန်းစိန် အစိုးရ တက်လာပြီး တဲ့ နောက် သူတို့ ပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ် ဆိုတယ်။ သို့သော်လည်း ဒီလိုထိပ်တိုက် ရင်ဆိုင် မှု တွေ ဖြစ်ပေါ်လာတိုင်း၊ ဖြစ်ပေါ်လာတိုင်းမှာ ပါဝင်ပတ်သက်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေကို တခါမှ မလုပ်ခဲ့ဘူး။ အရင် တုန်းက စစ်အစိုးရက လုပ်ခဲ့တဲ့ နည်းအတိုင်းပဲ အင်အားသုံး ဖြိုခွဲမှုတွေ လုပ်ခဲ့တယ်။ ဆိုတော့ ဒါဟာ ပြုပြင်ပြောင်းလဲမှုကို သွား နေပါတယ်ဆိုတာက ကျနော်တို့ အနေနဲ့ သံသယ ရှိတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ ဒါသိပ်အရေးကြီးတဲ့ အချက်ပေါ့ဗျာ။ နှစ်ခု ခွဲကစား နေတယ်လို့ မြင်တယ်။ တဖက်မှာလည်း ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေကို ဖိနှိပ်မှုတွေ လုပ်နေသလို တဖက်မှာလည်း ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေကို စကားပြောတယ်။ ဒီနှစ်ခုကို ခွဲကစားနေတယ်လို့ ထင်တယ်။

ပြည်တွင်းမှာ အလုပ်သမား လှုပ်ရှားမှုတွေ၊ လယ်သမား လှုပ်ရှားမှုတွေ၊ လက်ပံတောင်း လှုပ်ရှားမှုတွေ၊ နောက်အခု ကျောင်းသား လှုပ်ရှားမှုတွေ ဖြစ်တယ်။ ကျောင်းသား လှုပ်ရှားမှုဆိုရင်လည်း အကြီးအကျယ် ဖြိုခွင်းဖို့အတွက်ကို ပြင်ဆင်မှုတွေ ကြိုးစားနေတာ တွေ့တယ်။ ဒါတွေက ဆိုးကျိုးကိုပ ဲဖြစ်စေတယ်။ အကယ်၍ ဦးသိန်းစိန် အစိုးရက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို သွားနေပါတယ်ဆိုရင် စေ့စပ်ဆွေးနွေးရေးလုပ်ဖို့ လိုတယ်။ ဒီလူတွေနဲ့ စကားပြောဖို့ လိုတယ်။

အခုက ထစ်ကနဲရှိ အရင်အစိုးရက လုပ်သလိုပဲ အကြမ်းဖက် ဖြေရှင်းချင်တယ်။ ထစ်ကနဲရှိ စွမ်းအားရှင်တွေသုံး၊ ရဲတွေသုံး၊ လက်နက်အားကိုးနဲ့ တုတ်တွေ၊ ဓားတွေ အားကိုးနဲ့ ဖြေရှင်းမယ်ဆိုရင် ကောင်းတဲ့ ရလာဒ်ကို ရမှာမဟုတ်ဘူး။ အဲတော့ ကျနော်တို့က သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုကို သွားမယ်ဆိုတာကို ကျနော်တို့က ယုံနိုင်စရာ အကြောင်းမရှိဘူး။

တဖက်မှာလည်း တိုင်းရင်းသားတွေနဲ့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးဆိုပြီး ပြောတယ်။ ဒါပေမယ့် နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ငြိမ်းချမ်းရေးကို ဒီလိုတိုက်ပွဲတွေနဲ့ တည်ဆောက်လို့ မရဘူးလို့ မြင်တယ်။

ကျနော်တို့ကတော့ ဒီကျောင်းသား လှုပ်ရှားမှုကို ထောက်ခံပါတယ်။ ဘာလို့ထောက်ခံလည်းဆိုရင် ဒီနေ့ ကျောင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသားပညာရေး မူဝါဒ ပြုပြင်ပြောင်းလဲရေးဆိုတာ ကျနော်တို့ရဲ့ အနာဂါတ်ပဲ။ ကျနော်တို့ သားသမီး တွေရဲ့ အနာဂါတ်။ တိုင်းပြည်ရဲ့ အနာဂါတ်ပဲ။ ဒါကြောင့် ဒီဥစ္စာကို ကျနော်တို့က ထောက်ခံတယ်။ သူတို့ တောင်းဆိုမှု တွေ က တကယ်တရားမျှတတဲ့ တောင်းဆိုမှုတွေ ဖြစ်တယ်။

ဥပမာတခု ပေးချင်တာက ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတခုကို ဆုံးဖြတ်မယ်ဆိုရင် ပညာရေး နယ်ပယ်ထဲက လူတွေ ပါဖို့လိုတယ်။ ဆိုလိုတာကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ ဆရာဆရာမတွေ ပညာရေး ဝန်ထမ်းတွေပါဖို့ လိုတယ်။ နောက်တခုက ကျောင်းသူ ကျောင်းသားတွေပါဖို့ လိုတယ်။ ကျနော်တို့က ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် အသေး အဖွဲလေးက အစပြင်ဖို့ လိုတယ်။ အဲလိုမပြင်ဘဲနဲ့ သွားနေသမျှ ကာလပတ်လုံးမှာ ကျနော်တို့က လက်ရှိ အစိုးရကို ယုံကြည် ဖို့ဆိုတာ တော်တော်ကို ခက်ပါတယ်။

ဒီနေ့ ကျောင်းသားတွေ တောင်းဆိုနေတာက အစိုးရ အာဏာကို ထိခိုက်တာလည်း မဟုတ်ပါဘူး။ တကယ်ကို တိုင်းပြည် တခုမှာ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ရှိသင့်ရှိထိုက်တဲ့ ပညာရေးရာ ကိစ္စတွေကို တောင်းဆိုနေတာဖြစ်တယ်။ ဒီနေ့ တောင်းဆို နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ကြည့်ပါ။ အစိုးရကို ဖြုတ်ချဖို့ တောင်း ဆိုတဲ့ အစီအစဉ် တခုမှ မပါဘူး။

U Aung Myintဦးအောင်မြင့်
ပြောရေးဆိုခွင့်ရှိသူ၊ ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)

ကျနော်တို့ ဒီသတင်းတွေ သိပ်မကြားဘူးဗျ။ ဒီအောက်ဘက်က ကိစ္စလေးတွေ၊ အသေးစိတ်လေးတွေ ကျနော်တို့ မသိသေးဘူး။ မကျွမ်းကျင်သေးဘူး။ လေ့လာမှုက နည်းနည်း နည်းနေတယ်။ ကျနော်တို့ အပေါ်က ကိစ္စတွေပဲ လုံးပန်း နေကြတာ။ ဒါကြောင့်မို့ ဒီကိစ္စလေးကတော့ ပြောလို့ မကောင်းသေးဘူး ဖြစ်ပါတယ်။ ဒါတွေကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြေရှင်း တာ အကောင်းဆုံးပဲပေါ့ဗျာ။ ပြည်သူလူထုတွေလည်း ဒီလိုသဘောထားရှိပါတယ်။

Your Thoughts …
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဘိန်း, SSA

တကျော့ပြန် ဟီးရိုးအင်း

နိုင်ငံရေး, အာဏာရှင်

အကျပ်အတည်းများနှင့် အစွန်းရောက်ဝါဒ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate