ရန်ကုန်မြို့တော်ခန်းမရှေ့ အမျိုးသားပညာရေး ပြင်ဆင်ဥပဒေထောက်ခံသူများအား စွမ်းအားရှင်များသုံးကာ ဖြိုခွင်းဖမ်းဆီးမှုကို ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ ဒုတိယ ရှေ့ချုပ် ဦးထွန်းထွန်းဦးပါ ၅ဦးဖြင့်၊ ယင်းဖြစ်စဉ်သည် ဥပဒေနှင့် ညီညွတ်မှုရှိမရှိ၊ လုပ်ထုံးလုပ်နည်း မှန်မမှန်၊ နောင်မဖြစ်ပွားရန် ကြိုတင်ကာ ကွယ်ရမည့် အကြံပြုချက်များရရန် စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်ကြောင်း၊ လာမည့် မတ်လ ၃၁ ရက်နေ့တွင် သမ္မတဦးသိန်းစိန်ထံ အပြီးတင်ပြ မည်ဟု ယနေ့ထုတ်အစိုးရ သတင်း စာများတွင် ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။