တောင်ကုတ်-စစ်တွေ သို့ပြေးဆွဲသည့် အောင်တံခွန် ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုကြောင့် လူ ၂၁ ဦး သေဆုံးကာ ၄၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ မတ်လ ၁၃ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ကျောက်ဖြူမြို့မှတဆင့် စစ်တွေမြို့သို့ ထွက်ခွာလာစဉ် မြေပုံမြို့နယ်၊ ငပယုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်းအနီးတွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း၊
ရေယာဉ်ပေါ်တွင် ဝန်ထမ်း ၁၁ ဦးနှင့် ခရီးသည် ၂၁၄ ဦးခန့် လိုက်ပါခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။ လက်ရှိအချိန်အထိ ခရီးသည် ၁၆၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၁ ဦး၏ ရုပ်အလောင်းများကိုလည်း ဆယ်ယူရရှိခဲ့ကြောင်း၊ ပျောက်ဆုံးနေသူများကိုလည်း ရှာဖွေရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။