နေပြည်တော်တွင် မတ်လ ၁၆ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်ကြားနာပွဲကို လုံခြုံရေး အခြေအနေကြောင့် ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီဝင်များဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားတချို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ ဗကသအဖွဲ့ဝင် ကိုအောင်နေပိုင်က “ဗကသ ကျောင်းသား ခေါင်းဆောင်တွေ ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်။ အခုလည်း ဗကသ ခေါင်းဆောင်တွေ တော်တော်များများကို လိုက်ပြီး ဖမ်းဆီးနေတာတွေ ကြုံတွေ့နေရပါတယ်။ အခု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှာ ပါနေတဲ့ ကျနော်တို့ရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်ရတဲ့ အခြေအနေပါ။ ဒါကြောင့် လာမယ့် မတ်လ ၁၆ ရက်နေ့လုပ်မယ့် ဆွေးနွေးပွဲကို ကျနော်တို့ မတက်ဘူးလို့ တရားဝင် ပြောကြားတာပါ” ဟု ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။