မန္တလေး ပဋိပက္ခဖြစ်စေသည့် အကြောင်းရင်းဖြစ်သော အဓမ္မပြုကျင့်ခံရသည်ဟု လီဆယ်တိုင်းတန်းသူ ၅ ဦးကို ပျဉ်းမနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။ လီဆယ်တိုင်တန်းသူ ဖြူဖြူမင်း (ခ) ဂတုံးမ၊ လီဆယ်တိုင်တန်းရန် ညွှန်ကြားသူ နုနုမြတ်နှင့် ရဲထွဋ်၊ ၎င်းတို့နှင့် ဆက်စပ်သူများဖြစ်သည့် ထွန်းထွန်း၊ ဥမ္မာလွင်တို့ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ဇူလိုင်လက မန္တလေးတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြောင့် ၂ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။