မြန်မာဗုဒ္ဒဘာသာ အမျိုးသမီးများ အထူးထိမ်းမြားခြင်း ဆိုင်ရာဥပဒေကြမ်းနှင့် လူဦး ရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း ၂ ခု ကို ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်ရာ၊ အထူး ထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေတွင် ဗုဒ္ဒဘာသာ အမျိုးသမီး၏ ကိုးကွယ်ယုံကြည်မှုကို ၎င်းနှင့် လက်ထပ်လိုက်သည့် ဗုဒ္ဒဘာသာ မဟုတ်သည့် ယောင်္ကျားမှ လွတ်လပ်စွာ ကိုးကွယ် ခွင့်ပြုရန်၊ ဗုဒ္ဒဘာသာအရ လုပ်ဆောင်ရသည့် ကိစ္စရပ်များကို ခွင့်ပြုပေးရန် စသည် တို့ပါရှိပြီး လူဦးရေ တိုပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် ကလေးမွေးဖွားနှုန်းမြင့်မားနေခြင်း၊ပြောင်းရွှေ့နေထိုင်မှုနှုန်း မြင့်မားနေခြင်း ရှိနေပါက ထိုဒေသရှိ သယံဇတအရင်းမြစ်နှင့် လူဦးရေ အချိုးကျမှုရှိ စေရန် ၊ ဒေသတွင်း စားနပ်ရိက္ခာ လုံလောက်မှု ရှိစေရန် စစ်တမ်းများ ကောက်ယူပြီး ထိန်းညှိသွားမည့် အချက်များ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။