စင်ကာပူကို ထိပ်တန်းနိုင်ငံတခု ဖြစ်အောင် စွမ်းဆောင်ခဲ့သူ အသက် ၉၁ နှစ် အရွယ် လီကွမ်ယုသည် ယနေ့နံနက် အစောပိုင်းတွင် ပြင်းထန်သည့် အဆုတ်ရောက် ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ လီကွမ်ယုသည် စင်ကာပူ အထွေထွေ ဆေးရုံကြီးတွင် အထူးကြပ်မတ် ကုသမှုများ ခံယူရင်း ဖေဖော်ဝါရီလကတည်းက ဆေးရုံတက်နေရသော်လည်း ယခု သီတင်းတပတ် အတွင်း အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ လီကွမ်ယု ကွယ်လွန်သွားခြင်းအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတ အိုဘာမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အသီးသီးက ဝမ်းနည်းကြောင်း ပြောဆိုခဲ့ကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။