၂၀၁၂ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရစဉ် မီးလောင်ဒဏ်ရာ ရရှိခဲ့သော သံဃာတော် ၂ ပါးအတွက် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဇော်ဝင်းတို့အား တရားစွဲဆိုမှုကို ဆားလင်းကြီး ရဲစခန်းက လက်မခံကြောင်း သိရသည်။ ကိုယ်ခန္ဓာရှိ အရေပြား ၆၀ ရာခိုင်နှုန်း မီးလောင်ခံခဲ့ရသော ဦးတိက္ခဉာဏနှင့် ခါးအောက်ပိုင်း အရေပြားအားလုံး မီးလောင်ခံခဲ့ရသော ဦးဝိသုဒ္ဓတို့သည် ဒဏ်ရာများ သက်သာလာပြီးနောက် ၂ နှစ်ကြာသော်လည်း အစိုးရက တောင်းပန်မှု မရှိခြင်း၊ ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းခြင်းတို့ကြောင်း တရားစွဲဆိုရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ဥပဒေနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သောကြောင့် ပြစ်မှုကြောင်းအရ အရေးယူရန် မလိုအပ်သောကြောင့် အမှုလက်မခံနိုင်ကြောင်း ပြန်စာတွင် ဖော်ပြထားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။