• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်စောဆန်းအောင် အရေး DKBA အခက်ကြုံနေ

by ကျော်ခ
25 March 2015
in သတင်း
A A
စောဆန်းအောင်, DKBA

ဗိုလ်မှူးကြီး စောဆန်းအောင် (ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ Facebook မှ)

17.7k
VIEWS
Share on FacebookShare on Twitter

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ကို တကျော့ပြန်ရောက်လာတဲ့ ဗိုလ်မှူးကြီး စောဆန်းအောင် အဖွဲ့အတွင်း ပြန်လက်ခံရေး၊ လက်မခံရေး ကိစ္စနဲ့ ပတ်သက်ပြီး DKBA အတွင်းမှာ အမြင်ကွဲပြားမှုတွေ ရှိနေပါတယ်။

အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြယ်မှာကို စိုးရိမ်တဲ့ အတွက် ဗိုလ်မှူးကြီး စောဆန်းအောင် ကို အဖွဲ့ဝင် အဖြစ် ပြန်လက်ခံဖို့ မဝံ့မရဲဖြစ်နေသူတွေ ရှိနေသလို အစိုးရနဲ့ ဗိုလ်မှူးကြီး စောဆန်းအောင် တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ကြီးထွားမလာစေရေး အတွက် DKBA နဲ့ ပေါင်းစည်းစေလိုသူတွေရှိနေကြောင်း သိရပါတယ်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
43
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
31
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
53

ဗိုလ်မှူးကြီး စောဆန်းအောင် DKBA ကို ပြန်ရောက်လာပြီး ရက်ပိုင်းမှာ အဖွဲ့ကနေ ပြန်လည်ထုတ်ပယ်ဖို့အတွက် ယာယီ အနားယူ သွားတဲ့ ဗိုလ်ချုပ်ကြီး စောလားပွယ်ရဲ့ အမိန့်ညွှန်ကြားစာတစောင် အခုလ ၂၁ ရက်နေ့က ထွက်ပေါ်လာကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။

ကလိုထူးဝါး တပ်မဟာ ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူးက “ဒီစာ ထုတ်သွားပေမယ့်လည်း ကျနော်တို့က မဖြစ်သင့်တဲ့ ပြဿနာ၊ မလိုလားတဲ့ ပြဿနာ ပြီးတော့ ငြိမ်းချမ်းရေး ပဏာမလက်မှတ်ထိုးခဲ့တဲ့ဟာကိုလည်း မပျက်ပျယ်စေချင်ဘူး။ အဲဒါ ကြောင့် ကျနော်တို့ ဆက်လက်ပြီး ထိန်းသိမ်းသွားပါ့မယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ဗိုလ်ချုပ် စောလားပွယ်ဟာ အခုလ ၂၁ ရက်နေ့ကစပြီး ကျန်းမာရေးကြောင့် တာဝန်ကနေ ယာယီအနားယူထားပြီး သူ့ရဲ့ စစ်ဦးစီးချုပ် တာဝန်ကို အဖွဲ့ရဲ့ ဒု စစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စောမိုရှေးကို လွှဲပြောင်း ပေးအပ်ထားကြောင်းလည်း သိရပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ ပတ်သက်တဲ့ ညွှန်ကြားစာကိုတော့ သူအနားမယူခင် အခုလ ၇ ရက်နေ့က ထုတ်ပြန်ထားတာ ဖြစ်ပြီး ၂၁ ရက်နေ့ကမှ ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုလ်မှူးကြီး စောဆန်းအောင်ကို အဖွဲ့အနေနဲ့ တရားဝင် သဘောတူ လက်ခံထားတာ မဟုတ်ပေမယ့် တိုက်ပွဲတွေ မဖြစ်စေရေး အတွက် မဟာမိတ် အဖြစ်နဲ့ လက်ခံသွားမယ်လို့ စောသရီးထူး ကပြောပါတယ်။

ဗိုလ်ချုပ်စောလားပွယ်ရဲ့ အမိန့်ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တရားဝင် တိုက်ရိုက်ရောက်ရှိလာတာမျိုးမရှိပေမယ့် သတင်းတွေ ကြားသိနေရကြောင်း၊ သူ့ ကို အဖွဲ့က ထုတ်ပယ်မယ်ဆိုရင်လည်း ပုဂ္ဂိုလ် တဦး တယောက်ရဲ့ သဘောဆန္ဒနဲ့ မဟုတ်ဘဲ အများသဘောနဲ့ ဖြစ်သင့်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင် ကပြောပါတယ်။

“ကျနော်တို့မှာ ဗဟိုကော်မတီအဖွဲ့ဝင်တွေရှိတယ်။ EC အဖွဲ့ဝင်တွေရှိတယ်။ တဦးတယောက်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ ဗဟိုနဲ့ EC ရဲ့ဆုံးဖြတ်ချက် ဖြစ်ဖို့လိုတာပေါ့။ ကျနော့်အတွက်တော့ ပြဿနာမရှိပါဘူး။ အစိုးရအနေနဲ့လည်း ကိုယ်နဲ့ သဟဇာတ မတည့်တဲ့လူဆိုရင် တဖက်လှည့်နဲ့ ဖိအားပေးတဲ့ လုပ်ရပ်မျိုးလုပ်လာရင် လက်ခံတဲ့ အဖွဲ့တွေအနေနဲ့လည်း ပြန်ဆန်းစစ်ဖို့ လိုတာပေါ့” လို့ ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင် နဲ့ သူ့ရဲ့လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ အစိုးရ စစ်တပ်နဲ့ မွန်ပြည် နယ် ကျိုက်မရော မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ပျက်ကွက်မှုနဲ့ DKBA က ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီနောက် အစိုးရဘက်ကလည်း ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဝရမ်းထုတ်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါ သေးတယ်။

ကရင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားမှာစိုးရိမ်တဲ့ အတွက် ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ အဖွဲ့ကို DKBA က ပြန်လည်လက်ခံလိုက်ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲရေးမှ ဗိုလ်မှူးချုပ် စောကျော်သက်က အခုလ ၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။

ငြိမ်းချမ်းရေး လုပ်နေတဲ့ မြန်မာအစိုးရနဲ့ DKBA ခေါင်းဆောင်တွေအနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင် ကရင်ပြည်နယ်အတွင်း သေနတ်မပေါက်အောင် ကျိုးစားဖို့လိုပြီး ဗိုလ်မှူးကြီး စောဆန်းအောင်ကို အဖွဲ့အတွင်း ပြန်လက်မခံဖို့ ဖိအားပေးမှုတွေဟာ တိုက်ပွဲတွေဖြစ်ဖို့ တမင်ဖန်တီးနေသလိုဖြစ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ တပ်မှူး တဦးက ပြောပါတယ်။

“ဒီလိုတိုက်ပွဲတွေ ဖြစ်မှာဆိုးလို့ ဗိုလ်ကျော်သက်တို့က ပြန်ပြီးထိန်းထားတာလေ။ အားလုံးသိတဲ့အတိုင်း ဗိုလ်ဆန်းအောင်က ခွဲထွက်ချင်ကြောင်း ပြောနေတာမဟုတ်ဘူး။ ဒါကို ဘာလို့ ခွဲထုတ်ချင်နေကြတာလဲ။ ဒီလိုလုပ်ရင် တမင်တိုက်ပွဲတွေဖြစ်ချင်လို့ အကွဲအပြဲတွေဖြစ်အောင်လို့ ဖန်တီးနေတာလို့ပဲမြင်တယ်” လို့ သူက ဧရာဝတီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဗိုလ်ချုပ်စောလားပွယ် က သူ့ရဲ့တာဝန်တွေကို ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စောမိုရှေးကို ယာယီ လွှဲပြောင်းပေးအပ်လိုက်တာနဲ့ ပတ်သက်ပြီး DKBA အတွင်းမှာ မတည်မငြိမ်တွေဖြစ်ပွားနေတယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

DKBA အဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ KNU ကနေ ခွဲထွက်ခဲ့ပြီး အစိုးရနဲ့ ပူးပေါင်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ DKBA ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်းပြောင်းဖို့ အစိုးရက ဖိအားပေးချိန်မှာတော့ ဗိုလ်ချုပ် စောလားပွယ်နဲ့ တပ်မှူးအချို့ဟာ လက်မခံခဲ့ဘဲ ချန်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ DKBA အဖွဲ့ဟာ အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်သလို တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ ဆွေးနွေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Your Thoughts …
Tags: Border Guard ForceDKBA
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.5k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.1k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

by အေးချမ်းဆု
11 April 2024
11.2k

ကရင်စစ်မျက်နှာရှိ ဖာပွန်၊ မြဝတီ စစ်နယ်နှစ်ခုအနက် တခုကိုသာ ထိုးစစ်ဝင်နိုင်သည်။

ကျောက်ခက်၌ ပိတ်လှောင်ခံထားရသူ ရာချီ ကျန်နေ

ကျောက်ခက်၌ ပိတ်လှောင်ခံထားရသူ ရာချီ ကျန်နေ

by ဧရာဝတီ
13 February 2025
11.2k

ပြန်လွတ်လာသူများသည် အလုပ်ဆိုက်များမှ ထွက်ပြေးသည်ကို DKBA မှ ပြန်ဖမ်းမိသူများ၊ ငွေကြးဖြင့် ပြန်ရွေးရသူများနှင့် ကျားဖြန့် ငွေလိမ်အလုပ်ကို ကောင်းစွာမလုပ်နိုင်သူများကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းများအား အဆင်ပြေပြေ လုပ်နိုင်သူများကို ချန်လှပ်ထားကြောင်း သိရသည်။

မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

by ဧရာဝတီ
20 April 2024
8.3k

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးကို ယခင်က အာရုံစိုက်ခဲ့သည့် ထိုင်းကဲ့သို့သော အိမ်နီးချင်းများသည် ယခု ပဋိပက္ခအပေါ် ၎င်းတို့၏ရပ်တည်ချက်ကို ပြန်လည် စဉ်းစားသုံးသပ်လာကြသည်။

စွယ်တော်ကုန်းတိုက်ပွဲ ဗျူဟာမှူး ထွက်ပြေးသွား

စွယ်တော်ကုန်းသိမ်းပြီးတော့ ကရင်ပြည် ဘာထူးလဲ

by စွယ်တော်
23 October 2024
6.1k

KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ယခုတကြိမ် စစ်ရေးပစ်မှတ်မှာ မြဝတီသိမ်းပိုက်ရေး ဟုတ်ပုံမရ။

Next Post
ကုန်သွယ်ရေး လိုငွေ, စီးပွား/ကူးသန်း , အစိုးရသစ်

အစိုးရသစ် လက်ထက် ကုန်သွယ်ရေးလိုငွေ ယခုနှစ် အများဆုံးဖြစ်

ပင်ပန်းသမျှ ရွှင်လန်းသွားစေသော မော်တင်စွန်း ဘုရားပွဲ

ပင်ပန်းသမျှ ရွှင်လန်းသွားစေသော မော်တင်စွန်း ဘုရားပွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate