အမေရိကန်နှင့်ဂျပန် ပူပေါင်း၍ မြန်မာနိုင်ငံဖွံ့ဖြိုးမှု အကူအညီပေးမည်
This article has been converted from Zawgyi One to Unicode
ဂျပန် နိုင်ငံ Sasakawa ဖောင်ဒေးရှင်းနှင့် အမေရိကန် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို ကူညီထောက်ပံ့မည့် အစီအစဉ်ရှင်းလင်းပွဲ တခုကို မတ်လ၂၅ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ Cosmos Club တွင် နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအထိ ကျင်းပခဲ့သည်။ ထိုရှင်းလင်းပွဲသို့ Sasakawa(USA) ၏ ဥက္ကဋ္ဌ Junko Chano ၊ Myanmar Development Resource Institute မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ ဇော်ဦး၊ Southeast Asian Studies, Meio University ၏ ပရော်ဖက်ဆာ ဒေါက်တာ Dr.Donald Seekins ၊ မြန်နိုင်ငံ ဗဟိုဘဏ်မှ ကိုယ်စားလှယ် ဦးဆက်အောင် ၊ Deputy Assistant Administrator for East Asia, USAID မှ Jason Foley၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ် မစ်ချဲလ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် ဦးကျော်မျိုးထွတ် ၊ Graduate School of International Relations, International University of Japan မှ ဒေါက်တာ အောင်မျိုး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဒေါက်တာ မင်းဇော်ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ Sasakawa သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် မြန်မာနိုင်ငံတွင်း၌ ဖွံဖြိုးရေး အကူအညီဆိုင်ရာများကို နှစ်ပေါင်းများစွာ ပေးအပ် လုပ်ဆောင်နေသည့် အဖွဲ့လည်း ဖြစ်သည်။