ယနေ့မနက် နေပြည်တော်တွင် ကျင်းပသော နှစ် ၇၀ ပြည့် တပ်မတော်နေ့အခမ်းအနားသို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ခဲ့ပါ။ လတ်တလော ကျန်းမာရေး မကောင်းသောကြောင့် “အနားယူရန် လိုအပ်”သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးစပ်သူတဦးကို ကိုးကား၍ အေအက်ဖ်ပီသတင်းဋ္ဌာနက သတင်းရေးသားထားသည်။ အသက် ၆၉ နှစ်ရှိပြီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌသည် လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေရာ ခရီးပန်းမှုကို ကြုံတွေ့ခံစားနေရခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။