ယနေ့မနက် နေပြည်တော်တွင် ကျင်းပသော နှစ် ၇၀ ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပြဿနာ များကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပြီး “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း(D.D.R) လုပ်ငန်းစဉ်ဟာ မရှိမဖြစ် ပါဝင်ရမယ့် လုပ်ငန်းစဉ်” ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ရည်ညွှန်း ပြောဆိုခဲ့သည်။ ထို့ပြင် တပ်မတော်အနေနှင့် လာမည့် ရွေးကောက်ပွဲ အောင်မြင်စေရန် “တာဝန်ရှိအဖွဲ့အစည်းများ၊ ပြည်သူလူထုတို့နှင့်အတူ လက်တွဲဆောင်ရွက်” သွားမည်ဟုလည်း ပြောဆိုသည်။ သို့သော် ” ပြုပြင်ပြောင်းလဲမှုတွေ မြန်ဆန်လွန်းရင် Shock များ ဖြစ်ပေါ်ပြီး မပြေလည်မှုတွေ၊ မငြိမ်သက်မှုတွေ ရင်ဆိုင်ကြုံတွေ့နေရမှာ ဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲမှုများကို သင့်တင့်သည့် နှုန်းထားဖြင့်” သာ သွားရန် လိုကြောင်း ပြောဆိုသဖြင့် နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှ တပ်ပြန်ရုပ်သိမ်းရေး ကြာဦးမည်ဟု မျှော်လင့်နိုင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။