ကိုးကန့်တိုက်ပွဲများတွင် မည်သည့် တရုတ်စစ်ပြန်မှ ပါဝင်နေခြင်း မရှိဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကန်ယန်ရှင်က ယနေ့မနက် ဘေဂျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် ကျင်းpပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဒု ဗိုလ်ချုပ်ကြီးမြထွန်းဦးက တရုတ်စစ်ပြန်များ ကိုးကန့်လက်နက်ကိုင်များကို ပါဝင်ကူညီနေကြောင်း ပြောဆိုခဲ့သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကန်ယန်ရှင်က တရုတ်အနေဖြင့် မြန်မာတို့၏ အချုပ်အခြာအာဏာကို လေးစားပြီး မည်သည့်အဖွဲ့အစည်းကိုမျှ တရုတ်မြေပေါ်တွင် အခြေစိုက်ပြီး မြန်မာအစိုးရ ဆန့်ကျင်ရေး ပြုလုပ်ခွင့် ပေးမည် မဟုတ်ဟု ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။