သတင်းတို
တနိုင်ငံလုံး အပစ်ရပ်ရေး ပဏာမ သဘောတူညီကြောင်း လက်မှတ်ထိုး
This article has been converted from Zawgyi One to Unicode
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) နောက်ဆုံးမူကြမ်းပါ အချက်များကို ယမန်နေ့က နှစ်ဖက် သဘောတူညီခဲ့ပြီးနောက် ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ၌ ပဏာမ သဘောတူညီကြောင်း လက်မှတ်ရေးထိုးကြသည်။ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် သမ္မတ ဦးသိန်းစိန် ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။