• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

အခုနှစ် ရန်ကုန်သင်္ကြန် ဘယ်မဏ္ဍပ်မှာ ထိုင်ကြမလဲ

by မေစစ်ပိုင်
1 April 2015
in Culture
A A
ရေကစား မဏ္ဍပ်, သင်္ကြန် , ရန်ကုန်

၂၀၁၄ ခုနှစ် မဟာသင်္ကြန် ကာလ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ ရေကစားမဏ္ဍပ်တခု ရှေ့တွင် ရေပက်ခံ ကားတစီး ကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

3.4k
VIEWS
Share on FacebookShare on Twitter

၂၀၁၅ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ရန်ကုန်မှာ ရေကစားကြမယ့် မဏ္ဍပ်တွေကတော့ ထုံးစံအတိုင်း ပြည်လမ်းမကြီး နဲ့ ကမ္ဘာအေး ဘုရား လမ်းမကြီးပေါ်မှာ အများဆုံးရှိနေမှာပါ။

မဏ္ဍပ်မှာ ထိုင်ပြီး သင်္ကြန်အလည်အပတ်ကားတွေကို ကြည့်ချင်သူတွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ အတူ ရေပက်ကစားချင်သူ အများစုကတော့ မဏ္ဍပ်ထိုင်ဖို့ကိုပဲ ရွေးချယ်ကြပါတယ်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
0
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
14
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
204

“ကလေးတွေအတွက် Kid Zone ဆိုတာ လုပ်ပေးထားတယ်။ မိဘတွေကလည်း ကလေးတွေနဲ့ အတူ ရေကစားချင်တာမျိုးရှိမှာဆိုတော့လေ။ လုံခြုံရေးအင်အားလည်း အများကြီးချထားပေးတယ်။ Water Cooling system တွေလည်း ပါမယ်။ ဒီနှစ်မှာ ကား တွေ က အရမ်းများလာတော့ လုံးဝမရွေ့တော့ဘဲ ကျပ်နေမှာ စိုးရိမ်တယ်။ မဏ္ဍပ်လုပ်ရတာ မနှစ်ကထက် သစ်၊ အလုပ်သမားဈေးနှုန်း တွေကအစ အများကြီးတက်သွားတယ်ဆိုတော့ ခက်ခဲတာတွေရှိတယ်”လို့ ရွှေပိတောက် မဏ္ဍပ် စီစဉ်သူ မော်ဒယ်လ် သရုပ်ဆောင် စမိုင်းလ် က ဧရာဝတီကို ပြောပါတယ်။

ဗဟန်းမြို့နယ် ဆရာစံလမ်းမကြီးပေါ်မှာ တည်ရှိမယ့် ရွှေပိတောက် ရေကစားမဏ္ဍပ်မှာ ဒီဂျေ အစီအစဉ်တွေအပြင် အဆိုတော် အများအပြားရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ၄ ရက်စာ ရိုးရိုးဈေးနှုန်း ၆၀၀၀၀ ကျပ်နဲ့ VIP လက်မှတ်ကတော့ ကျပ် ၁ သိန်းဖြစ်ပါတယ်။ VIP လက်မှတ်အတွက်ကတော့ ဘီယာ အကန့်အသတ်မရှိ သောက်သုံးနိုင်ပြီး အရက်ကိုတော့ Gold Label အထိ သောက်ခွင့်ပေးမှာဖြစ်သလို သီးသန့်နေရာကနေ ရေကစားခွင့်ရမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဆောက်လုပ်မယ့် မဏ္ဍပ်စီစဉ်သူ အများအပြားကတော့ ဒီနှစ်မှာ ပါမစ်လျှောက်ထားခြင်း၊ အလုပ်သမားငှားရမ်းခြင်း နဲ့ မဏ္ဍပ်ဆောက်လုပ်ခြင်း စတဲ့ကိစ္စအများအပြားမှာ ဈေးနှုန်းတွေတက်နေတာကြောင့် အခက်အခဲတွေ ကြုံနေရပေမယ့် မဏ္ဍပ် ဈေးနှုန်း ကတော့ မနှစ်ကနဲ့ ကွာခြားမှု အနည်းငယ်သာရှိတယ်လို့ ပြောဆိုကြပါတယ်။

ပေ ၁၂၀ ရှည်ပြီး လူ ၁၅၀ဝ ခန့် ရေကစားနိုင်သည့် မဏ္ဍပ်တခု၏ ကုန်ကျစရိတ် က ကျပ် သိန်း ၆၀ဝ ခန့်ရှိပြီး မဏ္ဍပ် အလှအပ ဆင်ယင်မှု၊ လုံခြုံရေး ကင်မရာတွေနဲ့ လုံခြုံရေး အစောင့်တွေအတွက် ကုန်ကျစရိတ် မပါဝင်ပါ။ မဏ္ဍပ်ကြီး တခု တည်ဆောက်ဖို့ အချိန် ၅ ရက်က ၈ ရက်အထိ ကြာမြင့်နိုင်ပြီး မဏ္ဍပ်ဦးစီးပြုလုပ်သူက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို စပေါ်ငွေ ကျပ် သိန်း ၁၀၀ တင်ရပါတယ်။

ညနေ ၆နာရီထက် ကျော်လွန်ရေကစားခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်းနဲ့ သစ်ပင်ပန်းမန်များ ထိခိုက်ပျက်စီးခြင်း စတဲ့ ဥပဒေ ချိုးဖောက်မှုတွေ တွေ့ရှိခဲ့ရင်တော့ အဲဒီ စပေါ်ငွေ ပြန်ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မဏ္ဍပ်စီစဉ်သူတချို့ကလည်း သူတို့ရဲ့ မဏ္ဍပ်မှာ လာရောက်ကစားသူများပြားဖို့ အတွက် ပြည်ပက ဒီဂျေပညာရှင်တချို့ ခေါ်ယူ အသုံးပြုကြမယ်လို့ ဆိုပါတယ်။

“လုံခြုံရေးအင်အားကိုတော့ မနှစ်ကထက် တိုးမြှင့်ထားတယ်။ ပါမစ်လျှောက်ရတာ ခက်သလို ဈေးတွေကတော့ အကုန်တက်တယ်။ ဒါပေမယ့် မနှစ်ကနဲ့ ဒီနှစ် လက်မှတ်ဈေးနှုန်းက သိပ်မကွာဘူး။ လက်မှတ်အရောင်းကိုလည်း မနှစ်ကထက် လျှော့ထားတယ်။ Project X မှာ ဒီနှစ် Lucky Draw အစီအစဉ်ပါမယ်။ ဒီဂျေ အစီအစဉ်တွေရှိမယ်။ ၁၂ ရက်နေ့ ညမှာလည်း ပါတီရှိမယ်။ ၁၀ စောင် ဝယ်ရင် ၁ စောင် လက်ဆောင်ပေးတာမျိုးလည်း လုပ်ထားတယ်”လို့ Project X မဏ္ဍပ် စီစဉ်သူတဦးဖြစ်တဲ့ မဆုပြည့်အောင်က ရှင်း ပြပါတယ်။

ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ တည်ရှိမယ့် Project X မဏ္ဍပ်ဈေးနှုန်းတွေကတော့ ၄ ရက်စာ လက်မှတ်အတွက် ၄၀၀၀၀ ကျပ်၊ သင်္ကြန်အကျနေ့ အတွက် ၁၈၀၀၀ ကျပ်၊ အကြတ်နေ့အတွက် ၂၂၀၀၀ ကျပ် နဲ့ အတက်နေ့အတွက် ၃၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ဒီဈေးနှုန်းတွေက မတ်လ ၃၁ ရက်နေ့အထိဖြစ်ပြီး ဧပြီလ ၁ ရက် က စလို့ ဈေးနှုန်း အပြောင်းအလဲရှိမယ်လို့ သိရပါတယ်။

ဒီနှစ် မဏ္ဍပ်လက်မှတ် ဈေးနှုန်းတွေက ၄ ရက်စာအတွက် ဈေးနှုန်း ၅၀၀၀၀ ကျပ် မှ ၇၀၀၀၀ ကျပ် ဝန်းကျင်၊ တနေ့ချင်း အတွက် ဈေးနှုန်းတွေကတော့ ကျပ် ၁၅၀၀၀ ကနေ ၃၅၀၀၀ ဝန်းကျင်မှာ ရှိတယ်လို့ မဏ္ဍပ်စီစဉ်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မဏ္ဍပ် နေရာချထားရေး ကော်မတီရဲ့ ပြောဆိုချက်အရ မတ်လ ၃၀ ရက်အထိ ရေကစား မဏ္ဍပ် အကြီး ၃၄ ခု နဲ့ အလတ် ၂ ခု ချထားပေးပြီးဖြစ်ကြောင်း၊ ကိုယ်ပိုင်မဏ္ဍပ်နေရာတွေ ထပ်မံ လျှောက်ထားလိုသူတွေ အတွက်လည်း စိစစ်ပြီး ချထားပေးဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။

“မဏ္ဍပ်ဆောက်မယ့်သူတွေအတွက် လျှောက်လွှာတွေ ဝယ်ကတည်းက စည်းကမ်းချက် ၄၄ ချက် ကို ထည့်ပြောပြပြီးသားဖြစ် တယ်။ လောလောဆယ်တော့ မဏ္ဍပ်အကြီး နဲ့ အလတ် က ၃၆ ခုရှိပြီ။ နောက်ထပ် ကိုယ်ပိုင်မဏ္ဍပ်နေရာ လျှောက်ထား လာ တဲ့ အပေါ်မှာလည်း စိစစ်ပြီး ချထားပေးဖို့ရှိမယ်”လို့ မဏ္ဍပ်နေရာချထားရေးကော်မတီ တာဝန်ရှိသူ တဦးက ဧရာဝတီကိုပြောပါတယ်။

လူငယ်အများစုကတော့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ မဏ္ဍပ်ထိုင် ရေကစားဖို့ အဝတ်အစား၊ ဆံပင်အပြင်အဆင်တွေကအစ ပြင်ဆင်နေကြပြီလို့ ပြောဆိုကြပါတယ်။

“’သူငယ်ချင်းတွေ စီစဉ်ထားတဲ့ မဏ္ဍပ်မှာ ဒီနှစ်ကစားမယ်။ ဒီဂျေတီးလုံး မြူးမြူးကြွကြွတွေကြားမှာ စည်းချက်လိုက် ကရင်းနဲ့ ရေ ပက်ကစားရတာကို ပျော်တယ်။ မဏ္ဍပ်ထိုင်တာ ဒီနှစ်ပါမယ်ဆို ၃နှစ်ရှိပြီ။ အခုကတည်းက ရင်တွေခုန်နေပြီ”လို့ အသက် ၂၁ နှစ် အရွယ် မသဲဇာမျိုး က ပြောပြပါတယ်။

၂၀၁၅ ခုနှစ်အတွက် မဏ္ဍပ်နေရာချထားရေးကော်မတီက မတ်လ အတွင်း ချထားပေးခဲ့တဲ့ မဏ္ဍပ်တွေကတော့ ရွှေပိတောက်၊ ပိတောက်ချစ်သူ၊ သင်္ကြန်ချစ်သူ၊ ရန်ကုန်သင်္ကြန် ၂၀၁၅၊ နွေဦးသင်္ကြန်၊ နှစ်သစ်ပိတောက်၊ ဟန်နွေဦး၊ တန်ခူးရေ၊ တန်ခူးလေပြေ၊ ပိတောက်ဝါ၊ အားသစ်မာန်၊ နွေရာသီပွဲတော် ၂၀၁၅ အပါအဝင် မဏ္ဍပ် ၃၆ ခု ရှိပြီဖြစ်ပါတယ်။

Your Thoughts …
Tags: Art
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.8k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.4k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

တောင်ငူ, ကေတုမတီ , ဒုတိယ မြန်မာနိုင်ငံ

ရှေးဟောင်း သမိုင်းခြေရာများနှင့် ခေတ်သစ် တောင်ငူ

by သူဇာ
11 January 2016
15.2k

တောင်ငူဒေသသည် ပဒေသရာဇ်ခေတ်ကို ဖြတ်သန်းခဲ့ဖူးကြောင်း၊ တောင်ငူမြို့အပါအ၀င် အနီးဝန်းကျင်ရှိ နေရာများစွာတွင် ယဉ်ကျေးမှု အမွေအနှစ်များစွာ ကျန်ရှိနေသေးကြောင်း ရှေးဟောင်း အထောက်အထားများက ပြသနေသည်။

Next Post
NCA မူကြမ်း, ငြိမ်းချမ်းရေး, NCCT , UPWC

တိုက်ပွဲ ဖြစ်ပွားနေဆဲ အဖွဲ့များနှင့် မညှိနှိုင်းလျှင် NCA အပြီးသတ် လက်မှတ်မထိုးနိုင်

အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ နယ်သာလန် ဘုရင်မ လေ့လာ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate