နယ်သာလန် ဘုရင်မ မက်ဆီမာသည် ယမန်နေ့က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာတွင် World Vision က လုပ်ဆောင်နေသည့် အသေးစား ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းမာျးကို သွားရောက်လေ့လာကြောင်း သိရသည်။ World Vision သည် မှော်ဘီမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက် ၁၀ ခုတွင် အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အရင်းဆပ်၊ အတိုးလျှော့ စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နေသည်။ ယင်းခရီးစဉ်မတိုင်မီ နယ်သာလန် ဘုရင်မ မက်ဆီမာသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းသားကျောင်းသူများကို ငွေကြေးဆိုင်ရာ တည်ဆောက်ရေး မိန့်ခွန်း ပြောကြားခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။