• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

မူကြိုမှာ သူငယ်တန်းသင်တာ ကလေး ဦးနှောက်ဖွံ့ဖြိုးမှု အန္တရာယ်ရှိတယ်

by ခေတ်ဘုန်းသစ်
3 April 2015
in Women
A A
မူကြို, မူလတန်း, ဦးနှောက်ဖွံ့ဖြိုးမှု

မူကြိုကလေးငယ်တွေကို မူလတန်းစာ မသင်ကြားသင့်ပါ (သရုပ်ဖော် - အာကာ)

37.4k
VIEWS
Share on FacebookShare on Twitter

မူကြိုအရွယ် ကလေးများကို သူငယ်တန်း စာတွေကို ကြိုသင်ကြတာ၊ ကျက်ခိုင်းတာ၊ ကကြီး ၊ ခခွေးတွေ၊ အေဘီစီဒီ တွေကို ရေးရ ကျက်ရတာ တွေကို မူကြိုကျောင်းတွေမှာ မလုပ်သင့်ဘူး ဆိုတဲ့ အကြောင်းကို ဧရာဝတီမှာ သာမက တခြား မဂ္ဂဇင်း၊ ဂျာနယ်များက ဆောင်းပါးတွေမှာပါ မကြာခဏ ဆိုသလို ကျမ ရေးခဲ့ဖူးပါတယ်။

ကျမတို့ နိုင်ငံက မူကြိုကျောင်း တော်တော်များများဟာ ကလေးတို့ ၄ နှစ်လောက် ရောက်ပြီ ဆိုတာနဲ့  ရှေ့နှစ် သူငယ်တန်း ကျောင်းတက်တဲ့ အချိန်မှာ ကလေး အဆင်သင့် ဖြစ်အောင်ဆိုတဲ့  ရည်ရွယ်ချက် နဲ့ သူငယ်တန်းစာ တွေကို ကလေးကို အတင်းရေးခိုင်း ကြ၊ သင်ကြရပါတော့တယ်။ မိဘတော်တော်များများ ကလည်း မူကြို အရွယ် ကလေးများကို မူကြိုကျောင်းကို ပို့ခြင်း ရည်ရွယ်ချက်ထဲမှာ သူငယ်တန်းစာတွေကို များများဖတ်တတ်၊ ရေးတတ်ဖို့ (စာကြိုသင်ဖို့) ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပို့ကြတာ များပါတယ်။ သူငယ်တန်း စာတွေ များများ သင်နိုင်တဲ့ကျောင်းကမှ မူကြိုကျောင်းကောင်း၊ ကလေးတို့ အိမ်စာတွေ များများပါလာ တဲ့ကျောင်းကမှ တကယ့် မူကြိုကျောင်း စသဖြင့် ထင်တတ်ကြ ပြန်ပါတယ်။

RelatedPosts

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
333
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
1.1k
တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

20 May 2025
19

မူကြို အရွယ် (၃ နှစ်ကနေ ၅ နှစ် အတွင်း) ကလေးငယ်များကို သူငယ်တန်း စာတွေကိုပဲ မူကြိုမှာ သင်ပေးခြင်းဟာ ကလေးတို့ ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ထိခိုက်စေ ပါတယ်။ လူ့ ဦးနှောက်ဟာ မွေးကတည်းက အကုန်အစင် ကြီးထွား ပြည့်စုံပြီး ပါလာတာ မဟုတ်ပါဘူး။ အမေ့ဝမ်းက ကျွတ်ပြီးမှ တဖြည်းဖြည်း ဆက်လက် ဖွံ့ဖြိုးရတာပါ။ ပထမ ၅ နှစ်တာ ကာလဟာ ကလေးတယောက် (လူတယောက်) ရဲ့ ဦးနှောက် ဖွံ့ဖြိုးဖို့ အတွက် သိပ်ကိုမှ အရေးကြီး လှပါတယ်။ ဘာလို့လဲ ဆိုတော့  ကိုယ်ဝန် ၆ ပတ်ကနေ ၅ လ အတွင်းမှာ လူ့ ဦးနှောက် ဆဲလ်တွေဟာ ဘီလျံပေါင်း ၁၀၀ လောက် ဖြစ်လာကြပါတယ်။ သူတို့ထဲက တချို့ကသာ ဦးနှောက်နဲ့ ဆက်သွယ်မှု ရှိပြီးတော့ တချို့က ဆက်သွယ်မှု မရှိပါဘူး။

အမေ့ဝမ်းထဲက ကျွတ်တဲ့ အချိန်မှာ ဒီ ဦးနှောက်ဆဲလ်တွေ ဦးနှောက်နဲ့ ဆက်သွယ်ဖို့ (အမြင်၊ အကြား၊ အထိတွေ့  စတဲ့ အာရုံတို့ သန်စွမ်းထက်မြက် လာစေဖို့) အတွက် ကျမတို့ဟာ ကလေးကို လှုံ့ဆော်မှုတွေ လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လှုံ့ဆော်မှုတွေ လုပ်ပေးဖို့ ဆိုတဲ့ အလုပ်ဟာ ပထမ ၅ နှစ်တာ ကာလမှာ များများကြီး လုပ်ပေးရမှာပါ။ ဦးနှောက်ရဲ့ သဘောအရ ဆက်သွယ်မှု လုပ်ပေးနိုင်တဲ့ နပ်ဗ်ကြောတွေကို ချန်ထားခဲ့ပြီးတော့ ဆက်သွယ်မှု မလုပ်နိုင် တာကို ဖြတ်ချပစ်တတ်တာမို့ လို့ ဒီငါးနှစ်တာ ကာလဟာ လူတယောက် အတွက် တကယ့် အရေးကြီးတဲ့ သင်ယူမှု တွေကို အများကြီး လုပ်ဖို့ သိပ်ကို လိုအပ်တဲ့ အချိန်ပါပဲ။

ကျမတို့ရဲ့ ဦးနှောက်ဟာ ဘယ်ဘက်ခြမ်း၊ ညာဘက်ခြမ်း ဆိုပြီးတော့ ၂ ခြမ်း ရှိပါတယ်။ ဒီ ၂ ခြမ်းလုံး ဖွံ့ဖြိုးတိုးတက် အောင် (တနည်း ပြောရရင်) ဦးနှောက်တခုလုံး ဖွံ့ဖြိုးလာအောင်လို့ ကလေးတို့ကို သင်ကြားပေးရမှာပါ။ ဒီသင်ကြားမှု  (သင်ယူမှုကို ) ပထမ ၃ နှစ်တာ ကာလမှာ မိဘတို့က လုပ်ပေးဖို့ လိုသလို နောက် ၂ နှစ်တာ ကာလဟာ မူကြိုကျောင်း များက လုပ်ပေးရမှာပါပဲ။ မူကြို အရွယ် ကလေးတယောက်ဟာ မူကြိုကျောင်းမှာ လွတ်လပ်စွာ တီထွင်ဖန်တီးနိုင်ဖို့ လိုသလို၊ စိတ်ကူးစိတ်သန်း လေးတွေကို အသုံးချပြီးတော့ ကစားဖို့လိုပါတယ်။

မူကြိုကျောင်းမှာ ကလေးတို့ ကစားတဲ့ အတုယူ ဟန်ဆောင် ကစားနည်း (Pretend Play) တို့၊ သစ်သားတုံးလေး တွေကို တတုံးနဲ့ တတုံးထပ် ပြီးတော့ ကစားခိုင်းတာတို့၊ အလုံးလေးတွေကို ကြိုးနဲ့ သီတာတို့၊ ပြေးလွှားခုန်ပေါက် ကစားစေတာတို့ ဆိုတာတွေဟာ အလကား ကစားခိုင်းတဲ့ ကစားနည်းတွေ မဟုတ်ပါဘူး။ ကလေး ဦးနှောက် အတွက် လေ့ကျင့် ပေးတဲ့၊ တနည်း ပြောရရင် ကလေး ဉာဏ်ကောင်းအောင် လုပ်ပေးတဲ့ ဦးနှောက်လေ့ကျင့် ခန်းတွေပဲ ဖြစ်ပါတယ်။

မူကြိုမှာ ဘာတွေကို ဘယ်လို သင်ရမယ် ဆိုတဲ့ အကြောင်းကိုလည်း ဧရာဝတီမှာ ကျမ ရေးခဲ့ပြီးသား ဖြစ်လို့ ထပ် မရေးတော့ ပါဘူး။ ကျမတို့ ဆီက မူကြိုကျောင်း တော်တော်များများမှာ ကလေးတို့ (အေ၊ ဘီ၊စီ၊ဒီ) တမျက်နှာ၊ နှစ်မျက်နှာ စသည်ဖြင့် ရေးခိုင်းတာတွေ၊ သူငယ်တန်းဖတ်စာ ထဲက ဖတ်စာ ၁ ၊ ၂၊ ၃ စတာတွေကို အလွတ်ကျက် ခိုင်းနေတာ တွေဟာ တကယ်တော့ ကလေးတို့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် ကြီးမားတဲ့ အန္တရာယ်ကြီးပဲ ဖြစ်ပါတယ်။

တနည်း ပြောရရင် ဒီလို မူကြိုမျိုးမှာ စာထိုင်ရေး၊ စာကျက်နေတဲ့ ကလေးဟာ သူငယ်တန်း ကျောင်းတက်ချိန်မှာတော့ သူများထက် စာပိုရကောင်း ရပါလိမ့်မယ်။ ဒါပေမယ့် ကလေးတို့ အတွက် လိုအပ်တဲ့ စွမ်းရည်တွေကို မူကြိုကျောင်းမှာ လေ့ကျင့်ခွင့် မရတော့တဲ့ အတွက် တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်း စတဲ့ ဉာဏ်စွမ်းရည်များကို ကလေးခမြာ ဆုံးရှုံးရ ပါတော့တယ်။

မူကြို ကျောင်းတွေမှာ သူငယ်တန်းစာတွေ သင်နေတာ (ကျက်ခိုင်း၊ ရေးခိုင်းနေတာ) ဟာ ကလေးတို့ကို ဉာဏ်ရည် ထိခိုက်စေတယ် ဆိုတဲ့ အကြောင်းကို မူကြိုကျောင်း ထောင်နေတဲ့ တချို့ ဆရာ၊ ဆရာမများလည်း နားလည်ကြ ပါတယ်။  ဒါပေမယ့် မိဘများက သူငယ်တန်းတက်ရင် သူတို့ကလေး ကျောင်းမှာ စာလိုက်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မူကြို သူငယ်တန်းကျောင်းကို ထားကြတာ မို့လို့ သူငယ်တန်းစာ သင်မပေးတဲ့ မူကြိုကျောင်းကို မထားချင် ကြပါဘူး။

ဒါကြောင့်မို့ လို့ လူ အများစု လိုက်မှီတဲ့ ဈေးနှုန်းလောက်နဲ့ ဖွင့်ရတဲ့ မူကြိုကျောင်း တော်တော် များများဟာ ဇွန်လ ကျောင်းဖွင့်ချိန်မှာ သူငယ်တန်းစာ အပြတ်ဆိုတဲ့ မူကြို သင်ရိုးညွှန်းတန်းကို လက်ကိုင် ထားရပါတော့တယ်။

မိဘများ အနေနဲ့ တဖက်က ပြန်ကြည့်မယ် ဆိုရင်လည်း သူငယ်တန်း တက်ချိန်မှာ ကလေးကို လူ ၆၀ လောက် ရှိတဲ့ စာခန်းထဲကို ထည့်လိုက်ရမှာ ဖြစ်တဲ့ အတွက် သူတို့ ကလေးတွေကို သူငယ်တန်းစာတွေကို ကြိုသင်ဖို့ လိုတယ်လို့ စဉ်းစားကြ ပါတယ်။ ၄ နှစ်ကျော်လောက် ရောက်တဲ့ အထိ ကလေးက စာကို ကူးမရေးတတ်သေးဘူး ဆိုရင်ဖြင့် ကျောင်းတက်ရင် ဒုက္ခရောက်တော့မှာပဲ၊  ကလေးက ဘာမှ မတတ်သေးဘူး ဆိုပြီးတော့ စိတ်ပူ တတ်ကြ ပြန်ပါတယ်။

သူငယ်တန်းမှာ ကလေးတို့ စာမလိုက်နိုင်မှာ၊ ပထမ မရမှာ၊ အဆင့်ကောင်းကောင်း မဝင်မှာ စတဲ့ မိဘတွေရဲ့ စေတနာ ပါသော စိတ်ပူပန်မှုဟာ အဆုံးသတ်လိုက် ချိန်မှာတော့ ကျမတို့ နိုင်ငံမျိုးဆက် တခု ဖြစ်တဲ့ ကလေးတို့ရဲ့ ဉာဏ်ရည်ကို ထိခိုက်စေ တော့တာပါပဲ။ ဒါဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အန္တရာယ်ကြီးပါ။ ကလေး (လူ) တို့ရဲ့ ဉာဏ်ရည် (ဦးနှောက်ဖွံဖြိုးမှု)၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု စတာတွေကို နောက်ကျသွားအောင်၊ နုံနဲ့ သွားအောင်၊ တုန်းချိသွားအောင် လုပ်ပစ်နိုင်တဲ့ အထိ အန္တရာယ် ရှိပါတယ်။

လူများစု တတ်နေရတဲ့ မူကြိုအများစုမှာ  သူငယ်တန်းစာတွေကို အလွတ်ကျက်ခိုင်း၊ ရေးခိုင်း၊ ကျက်ခိုင်းနေတာနဲ့ ပတ်သတ်ပြီးတော့ မိဘနဲ့ မူကြို ကျောင်း၊ မူကြိုကျောင်းနဲ့ မိဘ တယောက်ကို တယောက် အပြစ်တင် လွှဲချနေကြ ပေမယ့် တကယ်တော့ ပညာရေးစနစ်ကြောင့် ပါပဲ။ အစိုးရ ကျောင်းများမှာသာ သူငယ်တန်း ၊ ပထမ တန်းကို စာမေးပွဲ မရှိဘူး ဆိုရင်ဖြင့် ၃၊ ၄၊ ၅ နှစ် အရွယ် မူကြိုကလေးတွေ လည်း သူငယ်တန်း စာသင်ရတဲ့ ဒုက္ခဘေးကနေ ကင်းလွတ် လာကြမှာပါ။

သူငယ်တန်းစာဟာ သူငယ်တန်း ရောက်မှသာ သင်ရမှာ ပါ။ သူ့အရွယ် သူ့အတန်းနဲ့သာ သင့်တော်ပါတယ်။ သူငယ်တန်းမှာ တောင်မှ တကယ်တော့ စာသင်တာထက် ကလေးတို့ဟာ ကဗျာလေးတွေ ရွတ်ဆိုဖို့၊ ပုံပြင်လေးတွေ နားထောင်ဖို့ ပိုပြီးတော့ လိုပါတယ်။ သူငယ်ချင်း အချင်းချင်း ချစ်ခင် ရင်းနှီးစွာနဲ့ မိတ်ဆွေဖွဲ့ တတ်ဖို့ ပိုလိုပါတယ်။

သူငယ်တန်း အခန်းဟာ ကလေး အရွယ် စာသင်ခန်း မို့လို့ ကလေးဟာ ကလေးတူတဲ့ သင်ကြားမှု  ရှိဖို့ လိုသလို၊ စာဆိုတာ ချစ်စရာ၊ ကျောင်းဆိုတာ ပျော်စရာ ရယ်လို့ ထင်မြင်သွားအောင်လို့ သင်ဖို့ လိုပါတယ်။ သူငယ်တန်းမှာ ကလေးရဲ့ စိတ်ထဲမှာ စာမေးပွဲ ဖိအား `ဝန်´ပိမနေသင့်ပါဘူး။ ပထမ၊ ဒုတိယ ဆိုတဲ့ အဆင့် တွေကိုလည်း ပြိုင်ဆိုင် ရယူလို စိတ်မွေးဖို့ မလိုသေးပါဘူး။ ဒါကြောင့် အစိုးရကျောင်းများမှာ သူငယ်တန်း၊ တတန်းလောက် အထိ စာမေးပွဲ စနစ်တွေ မရှိသင့်ဘူးလို့ ကျမ ထင်မြင် ယူဆပါတယ်။

သူငယ်တန်း၊ တတန်းမှာသာ စာမေးပွဲ ရှိမနေဘူး ဆိုရင်ဖြင့် ကလေးတို့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အင်မတန် လိုအပ် တဲ့ မွေးစကနေ ၅ နှစ် အရွယ်တွင်း လေ့ကျင့်မှုကို အိမ်မှာ၊ မူကြိုကျောင်းတွေမှာ နည်းစနစ် မှန်မှန်နဲ့ ကလေးတို့ကို လေ့ကျင့် ပေးဖို့ အတွက် မိဘများရော၊ မူကြို ဆရာမများပါ လုပ်ပေး လာနိုင်ပါ လိမ့်မယ်။     ။

Your Thoughts …
Tags: Children
ခေတ်ဘုန်းသစ်

ခေတ်ဘုန်းသစ်

Contributor

Similar Picks:

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

by ခေတ်ဘုန်းသစ်
20 March 2013
7.8k

ကျမတို့ တိုင်းပြည်မှာ ဆရာဗဟိုပြု စနစ်က ဗဟိုပြုလွန်း လှတယ်လို့တောင် ဆိုရဦးမှာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျနော့် အဖေသည် ဦးဘဖြစ်ပါသည်လို့ ပုံနှိပ်စာအုပ်မှာ ရေးထားရင် ကိုယ့်အဖေက ဦးအောင်အောင် ဖြစ်ဦးတော့ ဦးဘလို့ပဲ တတန်းလုံးဖြေမှ အမှတ်ရတာမို့ပါပဲ။

ကလေးစိတ်ပညာ, အိပ်ရာဝင်ပုံပြင်, ရသခံစားမှု, ယဉ်ကျေးခြင်း,

ကလေးတို့အတွက် အိပ်ရာဝင် ပုံပြင်

by ခေတ်ဘုန်းသစ်
21 August 2014
11.3k

စာမဖတ်တတ်ခင် ကတည်းက အဘွားတို့ အမေတို့ ပြောပြတဲ့ အိပ်ရာဝင် ပုံပြင်တွေထဲက တဆင့် ကျမတို့ သိနေခဲ့ကြပါပြီ။ ပုံပြင်တွေက တဆင့် ကျမ တို့ဟာ စိတ်နှလုံး လိမ္မာယဉ်ကျေး ခဲ့ကြတယ်

ကလေးစိတ်ပညာ, ဗီဇ, ပတ်ဝန်းကျင်

ကလေးတို့ရဲ့ ဗီဇသဘာဝနဲ့ ဝန်းကျင်

by ခေတ်ဘုန်းသစ်
12 November 2013
4.5k

ကိုယ်နဲ့ အကျင့် သဘာဝချင်းတူရင် ကောင်းတယ် ထင်ပြီးတော့၊ ကိုယ်နဲ့ အကျင့်သဘာ၀ မတူတဲ့ အခါမျိုးမှာ မကောင်းဘူးလို့ ထင်တတ်ကြ ပါတယ်။ ဒါဟာ တော်တော်လွဲမှားတဲ့ အယူအဆ တရပ်ပါပဲ။ ကလေးများဟာ တကယ်တော့ ကျမတို့ရဲ့ ကိုယ်ပွားလေးတွေ...

ကလေးကဗျာများ

ကလေးများနဲ့ ကလေးကဗျာ

by ခေတ်ဘုန်းသစ်
28 August 2014
5.6k

ကလေးတို့ကို ကဗျာရွတ်ပြဖို့နဲ့ ကဗျာဖတ်ပြဖို့ ဆိုတဲ့ ကိစ္စဟာ ကလေးတွေကို ဝလုံး လေးတွေ ရေးခိုင်း ဖို့ထက် ပိုပြီးတော့ အရေးကြီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကဗျာမှာက အသံတွေ၊ ကာရန်လေးတွေ ပါတာမို့ ကလေးတို့ဟာ...

ပညာရွှေအိုးခေတ်နဲ့ ကလေးတို့ရဲ့ပညာရေး

ပညာရွှေအိုးခေတ်နဲ့ ကလေးတို့ရဲ့ပညာရေး

by ခေတ်ဘုန်းသစ်
10 September 2013
5.2k

ကျမတို့ ဆီကို ၀င်လာတဲ့ (ကျောင်းတွေမှာ သင်နေကြတဲ့) “အဖြူ”ဆရာ တော်တော် များများဟာ တကယ့် ဆရာတွေ မဟုတ်ကြပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် ကျမတို့ နိုင်ငံထဲကို ၀င်လာတဲ့ လူတွေပါ။

ခိုးဝှက်, လိမ်ညာ, ကိုယ်ကျင့်တရား, ပြည်သူ့ပိုက်ဆံ, နိုင်ငံတော်ပိုက်ဆံ, ကြားပေါက်, အောက်ဆိုက်, အပိုဝင်ငွေ, အတုယူ,

ခိုးတတ် ဝှက်တတ်တဲ့ ကလေး

by ခေတ်ဘုန်းသစ်
30 June 2014
5.2k

တခါလောက် သူများပစ္စည်း လေးကို ယူမိတာနဲ့ပဲ တသက်လုံး သူခိုး ဖြစ်တော့မယ့် အတိုင်း ကလေးကို တံဆိပ်ကပ်တဲ့ အပြောမျိုးတွေ မပြော သင့်ပါဘူး။

Next Post
တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

အရင်လို မဟုတ်တော့ဘူး

အရင်လို မဟုတ်တော့ဘူး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate