• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

Podesta က နေပြည်တော် အတွက် ဘာအကျိုး ဆောင်မှာလဲ

by အောင်ဇော်
22 April 2015
in Politics
A A
Podesta, Lobby

အကျိုးဆောင်အဖွဲ့ တည်ထောင်သူ John Podesta နှင့် မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - North News & Picture)

4.9k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် အခြေစိုက် Podesta ဆိုတဲ့ သြဇာကြီးသော အကျိုးဆောင် ကုမ္ပဏီ (Lobby Firm) ကို မြန်မာအစိုးရက ငှားရမ်းခဲ့တဲ့သတင်းဟာ အတိုက်အခံနဲ့ တက်ကြွလှုပ်ရှားသူတွေကြားမှာ အံ့သြစရာ၊ လက်မခံနိုင်စရာ အဖြစ်နဲ့ တုံ့ပြန်ခဲ့ကြတာ တွေ့ရပါတယ်။

အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ပိုမိုပြီး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ချင်နေတဲ့ မြန်မာအစိုးရရဲ့ ဝါရှင်တန်သို့ ထိုးဖောက်ရေး ခြေလှမ်းတလှမ်းပဲ ဖြစ်ပါတယ်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
28
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
37
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
177

မတ်လကစတဲ့ Podesta (ပိုဒီစတာ) နဲ့ ချုပ်ထားတဲ့ စာချုပ်ဟာ တနှစ်အတွက် ဒေါ်လာငွေ ၈ သိန်းကျော် ပေးဆောင်ရမှာဖြစ်ပြီး အကျိုးဆောင်အဖွဲ့ဟာ မဟာဗျူဟာကျတဲ့၊ အရေးပါတဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရကို ပြုလုပ်ပေးမှာ ဖြစ်သလို အမေရိကန်အစိုးရနဲ့ အဲဒီက Institution တွေအကြား ဆက်ဆံရေးတွေအတွက် အကြံပြုတာတွေ၊ မဖွင့်ပေးတဲ့ တံခါးတွေကို ဆက်ဖွင့်ပေးရမယ့် အလုပ်တွေ၊ Lobby အလုပ်တွေကို ဝါရှင်တန်မှာ တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။

အဓိက ပစ်မှတ်တွေကတော့ အမေရိကန် လွှတ်တော် Executive branch နဲ့ ပေါ်လစီရေးဆွဲတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး မြန်မာအပေါ်မှာ အခုအချိန်အထိ ဝေဖန်ရေးသားနေတဲ့ အမေရိကန်က မီဒီယာတွေလည်း ပါဝင်တာ ဖြစ်ပါတယ်။

ဒီလို အကျိုးဆောင်အဖွဲ့ကို ငှားရမ်းလိုက်ချိန်ဟာ မြန်မာအစိုးရ လုပ်ဆောင်နေတဲ့ Political Reform တွေ နောက်ပြန်လှည့်နေပြီ၊ ရှေ့ဆက်မသွားတော့ဘူးလို့ ဝေဖန်သံတွေ ညံနေတဲ့အချိန်၊ ၂၀၁၅ နှစ် အကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒုတိယ သက်တမ်း ဆက်လုပ်နိုင်တယ်လို့ သုံးသပ်နေချိန်လည်း ဖြစ်နေတာ တွေ့ရပါတယ်။

ဒီမိုကရက်တစ်ပါတီက သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ၂၀၁၂ မှာ သမိုင်းဝင် ခရီးစဉ် လည်ပတ်ခဲ့ပြီး ဖြစ်ပါတယ်။ သံတမန်ရေးရာ ဆက်ဆံမှုကိုလည်း ပုံမှန်အတိုင်း ပြန်လည်ထားရှိခဲ့ပြီး ဖြစ်တဲ့အပြင် သမ္မတ ဦးသိန်းစိန်ဟာလည်း အမေရိကန်နိုင်ငံကို လည်ပတ်ခဲ့ကာ သမ္မတ အိုဘားမား ကိုယ်တိုင်က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာဟာ အနောက်ကမ္ဘာမှာ အရင်ကလို အကျဉ်ခံထားရတဲ့ သိုးမည်းတကောင် မဟုတ်တော့ပါဘူး။ ဒါပေမယ့် နောက်ပြန်ဆွဲနေတယ်ဆိုတဲ့ ဝေဖန်သံတွေနဲ့အတူ မကြာသေးခင်ကပဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန် အစိုးရဟာ သဘောထားတင်းမာသူတွေပဲ ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် အပါအဝင် အနောက်အစိုးရတွေရဲ့ မြန်မာအစိုးရအပေါ် ချီးကျူးပြောဆိုတာတွေဟာ သွေးနားထင် ရောက်စေတယ်လို့ ဝေဖန်ခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ လူထုဆက်ဆံရေး PR Firm လို့ပဲခေါ်ခေါ်၊ Lobby လုပ်ပေးတဲ့ အကျိုးဆောင်ပဲဆိုဆို Podesta လို အဖွဲ့မျိုးကို အရင်အစိုးရ လက်ထက်တုန်းကလည်း ငှားရမ်းခဲ့တာ တွေ့ရပါတယ်။

၁၉၉၆ နောက်ပိုင်း ကလင်တန်အစိုးရ (ဒီမိုကရက်တစ်) ဟာ ပထမဆုံး စီးပွားရေးပိတ်ဆို့မှု ဆန်ရှင် ပေါ်လစီကို မြန်မာအပေါ်မှာ စတင်ချမှတ်ခဲ့စဉ်တုန်းက Bain and Associates ဆိုတဲ့ အဖွဲ့နဲ့ Jefferson Waterman International and DCI Associates စတဲ့ Lobby အဖွဲ့တွေကို မြန်မာအစိုးရရဲ့ ထောက်လှမ်းရေး အဖွဲ့က ငှားရမ်းပြီး မြန်မာအပေါ် သဘောထားပြန်လည်း ပျော့ပြောင်းလာဖို့အတွက် ကြိုးစားခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အောင်မြင်မှုတော့ မရှိခဲ့ပါဘူး။ အမေရိကန်က ပိုပြီး ဖိအားပေးတာတွေ၊ ဆန်ရှင် ပေါ်လစီ အသစ်တွေ ထပ်ချပြီး စစ်အစိုးရကို ဆက်တိုက် ဖိအားပေးခဲ့တာ တွေ့ရပါတယ်။ အဲဒီတုန်းက စစ်အစိုးရရဲ့ သဘောထားတွေ၊ လုပ်ဆောင်ချက်တွေဟာလည်း အတော်ကို ပြင်းထန်ခဲ့တဲ့ အချိန်လည်း ဖြစ်တဲ့အတွက် Lobby အဖွဲ့တွေဘက်က ဘာမှရလဒ်ထွက်အောင် အကျိုးမဆောင်နိုင်ဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

အဲဒီတုန်းက Lobby အဖွဲ့တွေအတွက် ကုန်ကျမယ့်ငွေကြေးကို စစ်အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီတွေက ပေးခဲ့ရတာပါ။

အခုချိန်မှာတော့ မြန်မာအစိုးရရဲ့ တံခါးဖွင့်ဝါဒနဲ့ ဖြေလျော့မှုအချို့ကြောင့် အမေရိကန်ဘက်ကလည်း ဆန်ရှင်ကို တခုချင်း ဖြေလျော့မှုတွေ လုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစိုးရရဲ့ Reform အပေါ်မှာ ယုံကြည်စရာ မရှိဘူးဆိုတဲ့ အမြင်တွေလည်း အမေရိကန် ကွန်ဂရက်မှာရော၊ Policy Community မှာပါ ရှိနေသေးတာ ဖြစ်ပါတယ်။ အမေရိကန်က သြဇာရှိတဲ့ မီဒီယာတွေကတော့ မြန်မာနဲ့ ရွှေလမ်း ငွေလမ်း ဖောက်ခဲ့တဲ့ အိုဘားမား အစိုးရကိုတောင် ပြင်းပြင်းထန်ထန် ဝေဖန် မေးခွန်းထုတ်နေချိန်လည်း ဖြစ်ပါတယ်။

နောက်ဆုံးတချက်ကတော့ အမေရိကန်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာအစိုးရ မျှော်လင့်သလောက် မလာသေးတာပဲ ဖြစ်ပါတယ်။

ဒီလို အမေရိကန်က စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ နှေးကွေးနေရတာကလည်း ကျန်ရှိနေသေးတဲ့ ဆန်ရှင် (ခရိုနီတွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှု အပါအဝင်) နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့ ရေခံ မြေခံ အနေအထားတွေ၊ အဆိုးဘက်ကိုသမ်းတဲ့ မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဦးမယ်ဆိုတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

Podesta အဖွဲ့ဟာ ဝါရှင်တန် နိုင်ငံရေးနဲ့ လွှတ်တော် အပါအဝင် အိမ်ဖြူတော်အထိ ပေါက်ရောက်တဲ့ အကျိုးဆောင်အဖွဲ့ ဖြစ်ပါတယ်။ တည်ထောင်ခဲ့သူ တဦးဖြစ်တဲ့ John Podesta ဟာ ၂၀၁၆ မှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန်ရဲ့ ထိပ်တန်းအကြံပေးတဦးလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ သူတို့ကို အကျိုးဆောင်ခ ကြေးကြီးကြီးပေး ငှားရမ်းပြီး ဝါရှင်တန်ကို ထိုးဖောက်ဖို့ ခြေလှမ်းလိုက်ပါပြီ။

မကြာသေးခင်က မြန်မာနိုင်ငံကို အမေရိကန် အောက်လွှတ်တော် အမတ် Nancy Pelosi နဲ့ အဖွဲ့ လာရောက်လည်ပတ်နေတဲ့ အချိန်မှာ Podesta အဖွဲ့ဝင်တချို့လည်း ရန်ကုန်ကို “တိုက်တိုက်ဆိုင်ဆိုင်” ပဲ ရောက်နေတယ်လို့ သံတမန် သတင်းရပ်ကွက်က ဆိုပါတယ်။

ဒီအစိုးရဟာ ယုံကြည်စရာ မရှိဘူး၊ Reform ဟာ ရွှေရည်စိမ်ကြီးပဲလို့ ဝေဖန်နေတဲ့ ပြည်တွင်း ပြည်ပ အတိုက်အခံတွေရော၊ ဝါရှင်တန်နဲ့ အမေရိကန် လွှတ်တော်ကိုပါ မြန်မာအစိုးရက ဒီ အကျိုးဆောင်အဖွဲ့ကတဆင့် ဘယ်လို တန်ပြန် ထိုးဖောက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရခေတ်တုန်းကတော့ အမေရိကန် လွှတ်တော်မှာရော၊ အိမ်ဖြူတော်မှာပါ မြန်မာ့အတိုက်အခံနဲ့ လှုပ်ရှားသူတွေကို ဂရုဏာသက်ပြီး နားထောင်ပေးမယ့်သူတွေ၊ အခမဲ့တောင် အကျိုးဆောင်ပေးမယ့်သူတွေ ရှိနေခဲ့လို့ပဲဖြစ်ပါတယ်။

Your Thoughts …
Tags: USA
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
891

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

by ဧရာဝတီ
13 June 2025
336

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ ခရီးသွားပိတ်ပင်မှု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့် မရှိတော့ပါဘူး။

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

by ဧရာဝတီ
8 July 2025
238

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က "One Big Beautiful Bill" လို့ခေါ်တဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်ကို ဇူလိုင်လ ၄ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

Next Post

ဆင်ဆာ တင်းကြပ်မှုတွင် မြန်မာက အဆင့် ၉ ရှိ

လောက်ကိုင် စစ်ပြေးဒေသခံတချို့ နေရပ်ပြန်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate