
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က နီပေါငလျင်ဒဏ်ခံ ဒေသများအတွက် အရေးပေါ် အကူအညီအဖြစ် ဒေါ်လာ ၃ သန်း ထောက်ပံ့ပြီး ရေရှည်ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ သန်း ၂၀၀ ကူညီမည် ဖြစ်ကြောင်း သိရသည်။ အရေးပေါ်အကူအညီတွင် ရွက်ဖျင်တဲများ၊ ဆေးကုသမှု၊ အစားအစာနှင့် သောက်ရေတို့ အတွက် ဖြစ်ကြောင်း ADB ဥက္ကဋ္ဌ တာခဲဟီတို နာကာအိုက ပြောကြားသည်။