• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၁၅ ရွေးကောက်ပွဲမှာ NLD နဲ့ ၈၈ ပူးပေါင်းနိုင်ပါ့မလား

by ထက်နိုင်ဇော်
29 April 2015
in သတင်း
A A
ဒေါ်အောင်ဆန်းစုကြည် , ၈၈ မျိုးဆက်ကျောင်းသား , NLD , ၂၀၁၅ ရွေးကောက်ပွဲ , နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ – ၈၈ မျိုးဆက်)

7.7k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ နိုင်ငံရေး အရ ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အလားအလာတွေ ရှိနေတယ်ဆိုတဲ့ သတင်း တွေ ထွက်ပေးနေပေမယ့် လတ်တလောအချိန်အထိ ၂ ဖက်ပူးပေါင်းမယ့် ထင်သာမြင်သာ အခြေအနေတွေ မတွေ့ရသေးပါဘူး။

ဧရာဝတီရဲ့ စုံစမ်းချက်တွေအရ ၂ဖက်စလုံး က နိုင်ငံရေး အခြေအနေအရ လိုအပ်ရင် လိုအပ်သလို ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ယေဘုယျဆန်ဆန်ပဲ ထုတ်ဖော် ပြောဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပူးပေါင်း ဆောင် ရွက်ကြမလားဆိုတဲ့ မေးခွန်းကိုတော့ နှုတ်ဆိတ်နေကြပါတယ်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
75
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
283
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
41

၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးလှရွှေကတော့ “ကျနော်ကြားတာက ၈၈ က ဒေါ်အောင်ဆန်း စုကြည် ဆီကနေ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်နေရာ ၄၀ ကို ၈၈ ကိုပေးဖို့ တောင်းတယ်လို့ သိရတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒနယ် ၁၀ ခုပဲ ပေးနိုင်မယ်လို့ ပြောတယ်။ အခု နောက်ပိုင်းကျမှ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒနယ် ၅၀ အထိ ပေးမယ်ဆိုတဲ့ သတင်းထပ်ကြားနေရ တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဘက်ကတော့ လတ်တလောမှာ NLD ပါတီနဲ့ နိုင်ငံရေး အမြင် ဖလှယ် တာမျိုးတွေရှိပြီး နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေကတော့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလို ကိစ္စမျိုးတွေမှာ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိနေတယ်လို့ ၈၈ မျိုးဆက် ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးပြုံးချိုက ပြောပါတယ်။ ၈၈ တွေ အနေနဲ့ ဘာတွေ ရှေ့ဆက် ဆောင်ရွက်ကြမလဲ ဆိုတာကတော့ ဆုံးဖြတ် ချက်တွေ ရွေးချယ်မှုတွေ ရှိလာ ခဲ့တဲ့အခါ တကယ့်လက်တွေ့ အလုပ်တွေ ပေါ်လာတဲ့အခါ အသိပေး ထုတ်ပြန် မယ်လို့ ဦးပြုံးချိုက ဆက်ပြောပါတယ်။

“ကျနော်ကတော့ ဘာမှ မဖြစ်ခင်မှာ ဘာမှ မပြောချင်ဘူး” လို့ ဦးပြုံးချိုက ဧရာဝတီကို ပြောပါတယ်။

တကယ်တော့ NLD ပါတီအတွင်းမှာ အမတ်လောင်းဖြစ်ဖို့ ရည်မှန်းထားတဲ့သူတွေ အများကြီးဖြစ်နေပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းကလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက်ရွေးချယ်မှု အမတ်လောင်းတွေ ရွေးချယ် မယ်ဆိုရင် ပါတီတွင်း ကွဲလွဲမှု ပြဿနာတွေအကြီးအကျယ် ပေါ်ပေါက်မယ့် အခြေအနေ ရှိနေပါတယ်။ လတ်တလော အခြေအနေမှာတင်ပဲ NLD တွင်းမှာ အမတ်လောင်းနေရာရဖို့ အကြီးအကျယ် ပြိုင်ဆိုင် မှု၊ အငြင်းပွားမှုတွေ ဖြစ်ပေါ် နေတာပါ။

ဒါ့အပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးချယ်မှုနဲ့ အမတ် လောင်း အဖြစ် ရွေးချယ်ခံရပြီး အမတ် ဖြစ် လာတဲ့ NLD အဖွဲ့ ပြင်ပ နိုင်ငံရေးသမား၊ ကျောင်းသား ခေါင်းဆောင် တချို့ ကို လည်း NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က မကြိုဆိုသလို ပါတီတွင်းမှာလည်း နေရာမပေးချင်ကြပါဘူး။

ပါတီတွင်း တိုက်ပွဲများစွာ ပြင်းထန်နေချိန်မှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေအတွက် မဲဆန္ဒနယ်တွေ ပေးဖို့ လွယ်ကူပါ့မလား၊ ပေးခဲ့ရင်တောင်မှ ရွေးကောက်ပွဲ အနိုင်ရဖို့ အောက်ခြေ NLD ပါတီဝင်တွေဘက်က စည်းရုံး ရေး လုပ်ဆောင်ပေးပါ့မလား ဆိုတာတွေက စဉ်းစားစရာအချက်တွေဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် တွေ မကြိုဆိုတဲ့ NLD ပါတီ ထိပ်တန်းခေါင်းဆောင်တချို့လည်း ရှိကောင်း ရှိနေနိုင်ပါတယ်။

NLD ပါတီညီလာခံ ပြန်လည်ကျင်းပချိန်နဲ့ NLD ပါတီ မြို့နယ်၊ ပြည်နယ်၊ တိုင်း ဦးစီးအဖွဲ့တွေ ပြန်လည် ရွေး ကောက် မှု တွေ ပြုလုပ်ချိန်မှာ အငြင်းပွားမှုတွေ အတော်ကို ဖြစ်ထွန်းခဲ့တာမို့ ရွေးကောက်ပွဲ အမတ် လောင်း စာရင်း ထွက်ရှိလာမယ့်အချိန်ကလည်း အငြင်းပွားမှု၊ ကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်နိုင်တဲ့ အခြေ အနေရှိပါတယ်။

NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ NLD ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင် အရွေးချယ်ခံမယ်ဆိုတဲ့ အခြေအနေမျိုး လောလောဆယ် မရှိသေးဘူးလို့ ပြောဆိုပါတယ်။

“နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားတာတော့ မရှိသေးပါဘူး။ သို့သော် ကျနော်တို့က ရည်ရွယ် ချက်ချင်း တူတဲ့ အုပ်စုတွေ ဖြစ်နေတဲ့အတွက် မကြာခဏ တွေ့ဆုံတဲ့ အခြေအနေတွေ ရှိပါတယ်။ လက်ရှိ ဖြစ် ပေါ် နေတဲ့ နိုင်ငံရေး အခြေအနေတွေကို အပြန်အလှန် နားလည်မှုရှိအောင် ဆွေးနွေးကြတဲ့ သဘောပါ”လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ ကိုယ်တိုင်ပါတီထောင်မလား၊ လူထုပါတီလို့ သတ်မှတ်ခံ ထားရတဲ့ NLD ပူးပေါင်းမလားဆိုတဲ့ ရွေးချယ်စရာ ၂ ခုထဲက ၁ ခုကိုတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ မဖြစ်မနေ ရွေးချယ်ရတော့မှာဖြစ်ပါတယ်။

“၈၈ တွေ ထောင်က ထွက်လာပြီးနောက်ပိုင်းမှာ Party Politics ကို လုပ်ဖို့ ဆွေးနွေးခဲ့ကြ ဖူးတယ်။ အဲဒီမှာ ၈၈ ငြိမ်း/ပွင့် ဆိုပြီးတော့ ဆက်သွားချင်တဲ့သူတွေ ရှိသလို ပါတီ နိုင်ငံရေးလိုင်းနဲ့ ဆက်သွား ချင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီမှာ သဘောတူညီမှု ယူထားတာက ကိုယ်လုပ်ချင်တဲ့ လိုင်းကို လုပ်ကြဆို တာမျိုးပေါ့” ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းဇေယျက ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေထဲမှာလည်း ကျန်းမာရေး မကောင်းတဲ့သူ၊ နိုင်ငံရေး စိတ်မဝင်စား တဲ့သူ၊ နိုင်ငံရေးနဲ့ တဖြည်းဖြည်း ကင်းကွာသွားသူတွေရှိနေတာမို့ လတ်တလော NLD ပါတီနဲ့ ပူးပေါင်းပြီး ရွေးကောက် ပွဲဝင်ရမယ့် လမ်းကြောင်းက ပိုပြီး လက်တွေ့ကျမယ့်ကိန်းဆိုက်နေပါတယ်။

၈၈ နဲ့ NLD လက်တွဲပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက် လာနိုင် မယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ထင်မြင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“၈၈ အနေနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းမယ်ဆိုရင် NLD နဲ့ ပူးပေါင်းပြီး ဖြတ်သန်းတဲ့ နည်းလမ်းကပဲ အောင်ပွဲ ရလိမ့်မယ်။ အဲလို မဟုတ်ဘဲနဲ့ ၈၈ ပဲ ပါတီဖွဲ့ပြီး ဝင်မယ်ဆိုရင်တော့ အနိုင်ရဖို့ အလားအလာ နည်းတယ်လို့ ပြောလို့ရတယ်”လို့ သူက ဆိုပါတယ်။

NLD နဲ့ ၈၈ ပူးပေါင်း ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဒီပူးပေါင်းမှုက နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်လို့ NLD ပါတီရဲ့ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။

“တလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပံ့ပိုးလာတာ သူတို့ပဲ ရှိတယ်။ ၂ ဖက် ပူးပေါင်း ဆောင် ရွက်မယ်ဆိုရင် နိုင်ငံအပြောင်းအလဲမှာ လူထုလက်ရှိ ခေါင်းဆောင်နဲ့ အနာဂတ် ခေါင်းဆောင်တွေ ပေါင်း ကြ တာ ကောင်းတယ်။ ပြီးတော့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် နိုင်ငံရေး အရ ပူးပေါင်းဖို့ လိုသလို တခြား ကိစ္စရပ်တွေမှာပါ ပူးပေါင်းသွားဖို့ လိုတယ်” လို့ NLD လွှတ်တော်အမတ်က ဆို ပါတယ်။

၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးလှရွှေကတော့ ၈၈ တွေ အနေနဲ့ အခုလို ကျောင်းသား ခေါင်းဆောင်ဆိုတဲ့ အမည်ခံ မနေသင့်တော့ဘဲ ကိုယ်နဲ့ ထိုက်တန်တဲ့ လိုင်းတခုကို ရွေးချယ်သင့်နေပြီလို့ အကြံ ပြုပါတယ်။

လတ်တလော ပြည်သူလူထုကြားမှာ အတိုက်အခံတွေရဲ့ အသံ မှေးမှိန်ပျောက်ကွယ်နေတာမို့ NLD နဲ့ ၈၈ ပူးပေါင်း သည်ဖြစ်စေ၊ မပူးပေါင်းသည်ဖြစ်စေ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အများစု အနိုင်ရဖို့ အတော်ကို ရုန်းကန်ရမယ့် အခြေအနေပါပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ပြောဆိုပါတယ်။

Your Thoughts …
Tags: 88 GenerationNLD
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.3k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
ရက္ခိုင့် တပ်မတော် (AA), ANP ပါတီ, အစိုးရ တပ်မတော်

ဖမ်းထားသည့် ဒေသခံများကို ဥပဒေမဲ့ မပြုလုပ်ရန် ရခိုင်ပါတီ တောင်းဆို

သြစတြေးလျက အင်ဒိုနီးရှားရှိ သံအမတ်ကို ပြန်ခေါ်ပြီ

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate