ဖမ်းဆီးခံ ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေး ဆရာ၊ ဆရာများ အဖွဲ့ချုပ်က တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တွင် ကျင်းပမည့် ပထမ အကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ညီလာခံတွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေး အတွက် တင်ပြသွားမည်ဟု ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ပြောသည်။ လာမည့် မေလ ၂၊ ၃ ရက်များတွင် မန္တလေးမြို့ Hotel Hazel တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမ များ အဖွဲ့ချုပ် (Myanmar Teachers’ Federation)၏ ညီလာခံကို ကျင်းပရန် စီစဉ်ထားပြီး တနိုင်ငံလုံးရှိ ဆရာ၊ ဆရာမ ၃၀၀ ခန့် တက်ရောက် မည် ဖြစ်ကြောင်း၊ ယနေ့အထိ တက်ရောက်ရန် စာရင်းပေးထားသူ ဆရာ၊ ဆရာမပေါင်း ၂၅၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။