နေလှန်းဆားလုပ်ငန်းများ အများဆုံး ရှိသည့် ဧရာဝတီတိုင်း ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့တွင် ၃ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ဆားချက်လုပ်မှုနှင့် ရောင်းဝယ်မှုများ ရပ်ဆိုင်းထားရပြီး ဆား တောင် သူများ၊ ဆားစက်လုပ်ငန်းရှင်များက ဈေးကွက် အပြောင်းအလဲကို စောင့်ကြည့်နေကြောင်း ပုသိမ်မြို့မှ ဆားစက်လုပ်ငန်းရှင်များထံမှ သိရသည်။ ပြီးခဲ့ ၂၇၊ ၂၈ နှင့် ၂၉ ရက်နေ့က ရွာသောမိုးက ဆားကွင်းများ ဆိုးဝါးစွာ ပျက်စီးမှု မရှိသော်လည်း ဆားကွင်းများ စောစီးစွာ ပိတ်သိမ်းလိုက်ရမည်ကို ဆားတောင်သူများက စိုးရိမ်နေကြသည်။ ဆားချက်ခြင်းကို အောက်တိုဘာလတွင် စတင်၍ ဇန်နဝါရီမှ မေလအထိ ဆားကျုံးကြသည်။ လက်ရှိ ဆားကွင်း၌ တပိသာပေါက်ဈေးမှာ ၄၀ကျပ်ခန့် ရှိသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။